နေပြည်တော် ၂၈ မေ
ဒုတိယအကြိမ်အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး သတ္တမနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄၀/၂၀၁၈) မှ သင်တန်းသား/ သင်တန်းသူ (၁၅၅)ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့် (ခ) ဦးလှမြင့်သန်း၊ မွန်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၁၁) ၏မိတ်ဆွေ (၃) ဦး စုစုပေါင်း (၁၅၈) ဦးတို့သည် အမျိုးသားလွှတ်တော်သို့ လာရောက်လေ့လာကြောင်း သိရသည်။
ဒုတိယအကြိမ်အမျိုးသားလွှတ်တော် အစည်းအဝေးစတင်ကျင်းပသည့်ရက်မှ ယနေ့အထိ အမျိုးသားလွှတ်တော်သို့လာရောက်သည့် ဧည့်သည်စုစုပေါင်းမှာ ပြည်တွင်းဧည့်သည် (၁၄၀၅၄)ဦး နှင့် ပြည်ပဧည့်သည် (၁၅၇၆) ဦး ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)