နေပြည်တော် ၅ ဇွန်

 

ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်လင်းတို့ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-6) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် FAO အဖွဲ့အစည်းအနေဖြင့် မြန်မာနိုင်ငံ၏ရာသီဥတုနှင့် လိုက်လျောညီထွေသော စိုက်ပျိုးရေးနည်းစနစ်များအား တောင်သူလယ်သမားများ သိရှိစေရန် အသိပညာပေး သင်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဆိုင်ရာကိစ္စ၊ ရေရှည်တည်တံ့စေမည့် မြေယာစီမံခန့်ခွဲမှုနှင့် သစ်တောရေးရာ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

(သတင်းစဉ်)