၉ ဇန်နဝါရီ

တောင်အာဖရိကနိုင်ငံတွင် ယမန်နေ့က မနက်ပိုင်း ပြေးဆွဲနေသောခရီးစဉ်အတွင်း ခရီသည်တင် ရထားနှစ်စီး ပြင်းထန်စွာတိုက်မိခဲ့ကြရာ လူ ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၆၂၀ ဦးဒဏ်ရာရရှိခဲ့ကြောင်းနှင့် ထိုရထားနှစ်စီးမှာ  တောင်အာဖရိက အစိုးရနှင့် မီထရိုရေး ကုမ္ပဏီတို့ ဖက်စပ်လုပ်ငန်း ပြုလုပ်ထားသည့်  တောင်အာဖရိက၏အရေးပါသော မြို့ပြဒေသများတွင် ခရီးသည်တင်ရထားအများဆုံးပြေးဆွဲနေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ ရထားနှစ်စီးမှာ မာဘိုပိန်းမှ ပရီတိုရီးယားသို့ သွားသည့် ခရီးတွင် ပရီတိုရီးယားရှိ မောင့်တိန်း ဗျူး ဘူတာရုံ၌ ပြင်းပြင်းထန်ထန် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း မီထရိုရေး ပြောရေးဆိုခွင့်ရှိသူ လီလီယမ် မိုဖိုကမ် က ပြောကြားခဲ့သည်။ ၎င်းတို့ပြောကြားချက်အရ လူပေါင်း ၈၀ဝ ခန့်တင်ဆောင်လာသည်ဟု သိရသည်။

၎င်းရထားတိုက်မှု ဖြစ်ပွားရာနေရာသို့ရောက်ရှိလာသော ပို့ဆောင်ရေးဝန်ကြီး ဘလိတ် အန်ဇီမန်ဒီ က အမှန်တကယ် ဝမ်းနဲရပါကြောင်း၊ ပုဂ္ဂိုလ်ရေးအရ စိတ်ဆိုးဒေါသထွက်မိကြောင်းနှင့် မီထရိုရေး ဖက်စပ် ရထားပြေးဆွဲသည့် လုပ်ငန်းတွင် တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလကလည်း  ဂါတမ် ပြည်နယ်တွင် မီထရိုရေး ရထားနှစ်စီး တိုက်မှုဖြစ်ပွားသဖြင့် လူအစုလိုက်အပြုံလိုက် ဒဏ်ရာရရှိခဲ့ပြီး ဂျိုဟန်နက်ဘန်း တောင်ပိုင်း တွင် ပြီးခဲ့သည့် စက်တင်ဘာလက ရထားနှစ်စီးတိုက်ရာ လူပေါင်း ၁၀ဝကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို