နေပြည်တော် ၉ ဇန်နဝါရီ 

 

ဇန်နဝါရီ ၈ ရက် နံနက် ၁၀ နာရီခွဲက ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအနီး လှေခွင်းတောင်ဘုရားတောင်ခြေ၌ ရေဆင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေလှည့်ကင်း ဆောင်ရွက်စဉ် ရွှေတူးဖော်နေသည့် ဇေယျာသီရိမြို့နယ်နေ ရဲကျော်ထက် (၂၃)နှစ်ပါ အမျိုးသား ၂၀ ဦးအား ရွှေတူးရာတွင် အသုံးပြုသည့် တရုတ်နိုင်ငံလုပ် လက်ဆွဲမီးစက် ၂ လုံး၊ တူးဖော်ထားသည့် ကျောက်တုံး ၈ တုံး၊ အခြားဆက်စပ်ပစ္စည်းများ၊ ဆိုင်ကယ် ၁၃ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ရဲကျော်ထက်ပါ (၂၀)ဦးအား ရေဆင်းနယ်မြေရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

MDN