တပ်ကုန်း ၉ ဇန်နဝါရီ
တောင်သူသုံး စက်ကိရိယာပြပွဲနှင့် မြေပြုပြင်၊ မျိုးစေ့ချခြင်း သရုပ်ပြပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက နေပြည်တော် ဥတ္တရခရိုင် တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာရှိ တောင်သူ ဒေါ်ခင်နွဲ့၏ လယ်ယာမြေတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တပ်ကုန်းမြို့နယ် စက်မှုလယ်ယာ ဦးစီးဌာနမှူး ဦးဘိုမြင့်က တက်ရောက်လာသည့် ဒေသခံတောင်သူများအား ပြသထားသော လယ်ယာသုံး စက်ကိရိယာပစ္စည်းများ ဆက်စပ်အသုံးဝင်ပုံ အကြောင်းနှင့် အရစ်ကျစနစ် ရောင်းချမှုများကို ရှင်းလင်းပြောကြားသည်။
သရုပ်ပြပွဲသို့ မကျီးပင်ကျေးရွာအုပ်စုနှင့် အနီးဝန်းကျင်ကျေးရွာများမှ တောင်သူ စုစုပေါင်း ၁၂၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး လယ်ယာသုံးပစ္စည်းများကို လေ့လာကာ ထွန်စက်ကြီးများဖြင့် မြေပြုပြင်ခြင်း၊ မျိုးစေ့ချစိုက်ပျိုးခြင်း လက်တွေ့သရုပ်ပြသမှုတို့ကို လေ့လာခဲ့ကြောင်း သိရသည်။
အဆိုပါ သရုပ်ပြပွဲကို ကျေးလက်နေ တောင်သူများ ထယ်ရှဉ်း၊ ထွန်ရှဉ်းများ အခက်အခဲ မရှိစေရန်၊ လုပ်ငန်းခွင်များ အချိန်တိုအတွင်းပြီးစီးရန် ရည်ရွယ်၍ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၆၈) စက်မှုလယ်ယာစခန်းမှ ဦးစီးကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)