မော်လိုက်   ၉  ဇန်နဝါရီ


    
မော်လိုက်မြို့ မြို့မဈေးကြီးအတွင်းရှိ အဆောက်အအုံများ၊ ပစ္စည်းများ မီးဘေးကြောင့် ဆုံးရှုံးမှုများ မရှိစေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက အဆိုပါ မြို့မဈေးကြီးအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားတွင် မော်လိုက်ခရိုင် မီးသတ်ဦးစီးမှူး ဦးနိုင်ဇံနှင့် တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးဖြင့် နည်းစနစ်မှန်ကန်စွာ အသုံးပြုနိုင်ရေးတို့ကို လက်တွေ့ရှင်းလင်း ပြောကြားသည်။

 

ထို့နောက် စည်ပင်သာယာရေးဝန်ထမ်းများ၊ ဈေးသူ ဈေးသားများ ပူးပေါင်း၍ မီးငြှိမ်းသတ်ယာဉ်ဖြင့် လက်တွေ့ မီးငြှိမ်းသတ်နည်း၊ တိုင်ကီပိုင်းထဲတွင် မီးတောက်မီးလျှံပြုလုပ်၍ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်း၊ ရေစိုစောင်ဖြင့် မီးငြှိမ်းသတ်နည်းများကို လက်တွေ့လေ့ကျင့်ခဲ့ကြောင်း သိရသည်။

 

မော်လိုက်သားလေး