ပုဂံ-ညောင်ဦး  ၁၀  ဇန်နဝါရီ  

 

ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ ဘုရားဖူလာရောက်သည့် ပြည်တွင်းခရီးသွားများကို စိတ်ဝင်စား မှုမြင့်တက်စေသည့်ကျောက်ပန်းတောင်း၊ညောင်ဦးလမ်းဘေးရှိထန်းတောများတွင်တည်ဆောက်ထားသည့်ထန်းမျှော်စင်(လင့်စင်)များကို ဘုရားဖူးပြည်တွင်းခရီးသွားများရော ပြည်ပခရီးသွားများပါစိတ်ဝင်စားမှု တစ်ရက်ထက်တစ်ရက် မြင့်တက်လာနေကြောင်း ဝိုင်းထန်းလျှက်မျိုးစုံရောင်းချရေးဆိုင်ပိုင်ရှင် ဦးဗညားက ပြောပြသည်။

 

2

 

အဆိုပါ ထန်းလျှက်မျိုးစုံရောင်းချလျှက်ရှိသော ကျောက်ပန်းတောင်း-ပုဂံ-ညောင်ဦးလမ်းဘေးရှိဆိုင်များမှာ တစ်ချိန်က တဲအသေးစားလေးများဖြင့်ရောင်းချလာခဲ့ရာမှ ထန်းတဲများတဖြည်းဖြည်းအကြီးဆောက်လာခြင်း၊ဗျက်အ ကျယ်ထန်းရွက်မိုးများဖြင့်နားနေနိုင်ရန်ဆောက်လုပ်လာခြင်း၊ယာခင်းစပ်ထန်းတော်တန်းများပေါ် ထန်းမျှော်စင်(လင့် စင်)ဆောက်လုပ်ကာပြည်တွင်းပြည်ပခရီးသွားများ စိတ်ဝင်စားလာစေရန်ဆောက်လုပ်လာခဲ့ကြောင်းဦးဗညားကပြော ပြသည်။

 

3

 

ထိုထန်းတဲများတွင် ထန်းထွက်ပစ္စည်းများသာ ရောင်းချပေးခြင်းနှင့်အညာဒေသ၏ ရိုးရာအငွေ့အသက်များကို ပုဂံဒေသသို့ဘုရားဖူးလာရောက်ကြသူများအား လက်တွေ့ပြသခြင်းများဖြစ်သည့် ထန်းတက်ပြသခြင်း၊ အညာဒေသ၏ဆီဆုံအားနွားဖြင့်ဆီဆုံလှည့်လည်ဆီကြိတ်ပုံ၊ထန်းလျှက်ချက်လုပ်ပုံနှင့်ထန်းခေါက်ဖာပြုလုပ်ပုံ၊ထန်းပတ်ကုလားထိုင်ပြုလုပ်ပုံ၊ထန်းလျှက်ဖြင့် ချွေးပေါင်းခံ အရက်ဦးရေထုတ်လုပ်ပြီး ရရှိလာသည့်ဦးရေအား တောရှောက်မြစ်နှင့်တိုင်းရင်းဆေးဝါးလိမ်းဆေးပြုလုပ်ပုံများလက်တွေ့ကြည့်ရှုနိုင်သည်။

 

4

 

ထန်းတဲများတွင် ရောင်းချနေသည့် ဇီးထန်းလျက်၊အုန်းထန်းလျက်၊ နှမ်းထန်းလျက်၊ မြေပဲထန်းလျက်၊ ဂျင်းထန်း လျက်နှင့် ရိုးရိုးထန်းလျက်များရောင်းချခြင်း၊ကိုယ်ပိုင်သစ်သားဆီဆုံဖြင့်ကြိတ်သည့် နှမ်းဆီ၊ပဲဆီစစ်စစ်များ ရောင်းချ ခြင်းများရှိပြီး ထန်းခေါက်ဖာနှင့်ပျားရည်စစ်စစ်များရောင်းချခြင်းများက ပုဂံ-ညောင်ဦး ဒေသဘုရားဖူးလာသူများကို ဖိတ်ခေါ်နေသည့််အလား လာရောက်သူများပြားလာနေခြင်းဖြစ်ကြောင်း သိရသည်။ 

 

ထန်းတဲများတွင်ရောင်းချနေသော ပင်ကျထန်းရေ၊ငှက်ခါးတောင်၊ချိုပြင်း၊ထန်းရည်ချိုများကိုလည်း ပုဂံဒေသမှထွက်ရှိသည့်  အကန့်လိုက်ထည့်လို့ရသည့် ယွန်းလ္ဘက်ဂျုပ်များဖြင့်  ထန်းတဲလာဧည့်သည်များကို  ဧည့်ခံခြင်းကလည်းခရီးသွားများကို ဆွဲဆောင်ခြင်းတစ်မျိုးဖြစ်ကြောင်း အညာလက်ဆောင်ထန်းတဲပိုင်ရှင်က ပြောပြသည်။


    
ပြည်တွင်းပြည်ပခရီးသွားများ ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်သို့လာရောက်ကြသူတိုင်း ကျောက်ပန်းတောင်း-ပုဂံ၊ညောင်ဦးကားလမ်းမကြီးဘေးမှ ထန်းတဲ၊ထန်းမျှော်စင်(လင့်စင်)၊များသည်လည်း ပြည်ပခရီးသွား ပြည်တွင်းဘုရားဖူးဧည့်သည်များကို ဆွဲဆောင်နေသည့် နေရာတစ်ခုဖြစ်နေပြီးဖြစ်ကြောင်း တစ်နေ့လျှင် အုန်းထန်းလျက်ချက်လုပ်ဖို့ အုန်းသီး(၁၅၀)လုံးကုန်သည်ကို ကြည့်ခြင်းအားဖြင့် အညာဒေသ၏ ထန်းတဲများ၊ထန်းလင့်စင်များက ခရီးသွားများလာရောက်အပန်းဖြေစားသောက်နေသည် သက်သေပြလျှက်ရှိရာ နှစ်သစ်ကူးရုံးပိတ်ရက်များကဆိုလျှင်တစ်ရက်အုန်းသီး(၇၀ဝ)ကျော်ကုန်သည်အထိအုန်းထန်းလျက်ရောင်းချခဲ့ရကြောင်း ဝိုင်း ထန်းထွက်ပစ္စည်းရောင်းဝယ်ရေးဆိုင်ပိုင်ရှင် ဦးဗညားကပြောပြသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း