(အရှေ့တောင်အာရှဒေသလေ့လာရေးစင်တာ၊ ကျိုတိုတက္ကသိုလ်)

၂၆  နိုဝင်ဘာ

အရှေ့တောင်အာရှဒေသလေ့လာရေးစင်တာ (Center for Southeast Asian Studies - CSEAS) သည် ကျိုတိုတက္ကသိုလ် {Kyoto University) ၏ သုသနအဖွဲ့အစည်း တစ်ခုဖြစ်သည်။ ကျိုတိုတက္ကသိုလ်၏ တက္ကသိုလ်ဆေးရုံပရိဝုဏ် {Hospital Campus) အတွင်းတည်ရှိပြီး ကျိုတိုမြို့ (Kyoto) ရှီမိုဒါချီ ရှီမိုဒါချူးရီ) ဧရိယာ (Shimoadachi-cho) 202mcepgonzos (Sakyoku) 3&scod: (Konoe dori) & ကာဝါတာတာလမ်း {Kawabata dori) အနီးတွင် တည်ရှိသည်။

CSEAS ၏ ရည်ရွယ်ချက်များအနက် တစ်ခုမှာ ဂျပန်နိုင်ငံ၏ သုတေသနဆိုင်ရာ လုပ်ငန်းဆောင်တာများနှင့် အရှေ့တောင် အာရှဒေသအပါအဝင် အခြားကမ္ဘာ့ဒေသများနှင့် ဆက်သွယ်ပေါင်းကူးပေးနိုင်ရန် ဖြစ်သည်။ CSEAS ကို ၁၉၆၅ ခုနှစ်ပြီလတွင် ရားဝင် ထူထောင်ခဲ့သည်။ ထိုသို့မထူထောင်မီ သုတေသနအဖွဲ့အစည်းအဖြစ် တရားဝင် သိအမှတ်ပြုခံရရန် များစွာလှုပ်ရှားရုန်းကန်ခဲ့ရသည်။ CSEAS ဖြစ်တည်မှုသမိုင်းသည် သာမန်ဆွေးနွေးပွဲ စကားဝိုင်းများမှ စတင်ခဲ့သည်ဖြစ်ပြီး စိတ်ဝင်စားစရာကောင်းပါသည်။ ယခုဆောင်းပါးတွင် အသုံးအနှုန်းကျစ်လျစ်စေရန် အရှေ့တောင်အာရှဒေလေ့လာရေးစင်တာဟု ဖော်ပြမည့်အစား CSEAS ဟု သုံးနှုန်းသွားပါမည်။

၁၉၅၉ ခုနှစ် နွေဦးရာသီတွင် ကျိုတိုမြို့၌ အရှေ့တောင်အာရှဒေသအား စိတ်ပါဝင်စားသူ ပညာရှင်အချို့၊ ကျောင်းသားအချို့ သည် လစဉ်ပုံမှန်စုကာ အရှေ့တောင် အာရှဒေသယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်း ဆိုင်ရာများကို ဆွေးနွေးပြောဆိုခဲ့ကြသည်။ နောက်ပိုင်းတွင် အဆိုပါ လစဉ်စည်းဝေးပွဲသည် လူသိများကျယ်ပြန့်လာခဲ့ပြီး ကျိုတိုမြို့ရှိ တက္ကသိုလ်များ၊ အဖွဲ့အစည်းများမှ ကျောင်းသားများနှင့် ဆရာများ ပါဝင်လာခဲ့သည်။ ထိုမှတစ်ဆင့်ပြီး စနစ်ကျ အဆင့်မြင့်မားသည့် ဖိုရမ်အစည်းအဝေးများ၊ လေ့လာရေးအစီအစဉ် များပြုလုပ်ကျင်းပရန် အကြံရကာ ၁၉၆၁ ခုနှစ်တွင် ပြင်ဆင်ရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။ အဆိုပါ လှုပ်ရှားလုပ်ဆောင်မှုများကပင် ၁၉၆၃ ခုနှစ် ဇန်နဝါရီလတွင် ကျိုတိုတက္ကသိုလ်ဝင်းအတွင်း၌ တက္ကသိုလ်၏ အစိတ်အပိုင်း ဌာနစုတစ်ခုအဖြစ် အရှေ့တောင်အာရှ ဒေသလေ့လာရေးစင်တာ (CSEAS) ဖွဲ့စည်းမှုကို ဖြစ်ထွန်းပေါ်ပေါက် စေခဲ့သည်။

စင်တာသည် အစပိုင်းတွင် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံများတွင် သဘာဝသိပ္ပံနှင့် သက်ဆိုင်သည့် လူ့အဖွဲ့အစည်းဆိုင်ရာ သုတေသနလုပ်ငန်းများ၊ သစ်တောနှင့် ကောက်ပဲသီးနှံဆိုင်ရာ တွဲဖက်သုတေသန လုပ်ငန်းများကိုလုပ်ဆောင်ခဲ့သည်။ ပထမပိုင်းတွင် စင်တာ၏ လုပ်ငန်းဆောင်တာများနှင့် ပတ်သက်ပြီး လိုအပ်သော ငွေကြေးများကို ပုဂ္ဂလိကကဏ္ဍမှအဓိကရရှိခဲ့ပြီး နောက်ပိုင်းတွင် သုတေသနလုပ်ငန်းများ အောင်မြင်လာသည်နှင့်အမျှ အစိုးရပိုင်း၏ စိတ်ဝင်စားမှုကို ရရှိကာ ၁၉၆၅ ခုနှစ် ဧပြီလတွင် စင်တာကို ဂျပန်နိုင်ငံ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန {Monbusho) မှ တရားဝင် သုတေသနစင်တာအဖြစ် အသိအမှတ်ပြုကာ ထောက်ပံ့ကြေးငွေများ ပေးအပ်ခဲ့သည်။

CSEAS တရားဝင် စတင်ဖွင့်လှစ်သည့် အချိန်တွင် တရားဝင် အချိန်ပြည့်ဝန်ထမ်း လေးဦးခန့်သာရှိပြီး CSEAS သည် ဂျပန် တက္ကသိုလ်တစ်ခုတွင် ပထမဆုံး တည်ထောင်သော ဂျပန်နိုင်ငံ၏ ပထမဆုံးသုသနစင်တာအဖြစ် မှတ်တမ်းဝင်လေသည်။ ယနေ့တွင်မူ CSEAS သည် အချိန်ပြည့် ပရော်ဖက်ဆာ ၃၅ ဦးနှင့် ပြည်တွင်းနှင့် နိုင်ငံတကာသုတေသီနှင့် ဝန်ထမ်းပေါင်း ၁၅၀ ခန့်ဖြင့် လုပ်ငန်းများ လည်ပတ်နေပါသည်။

 

bb

 

CSEAS OZ Cross-regional Studies Political & Environment Coexistencei Social Coexistencei Environmental Coexistencei Global Humanosphere Area Studies Visiting Research Scholars Area Studies Japanese Visiting Scholars စသဖြင့် သုတေသနဌာန ခြောက်ခုရှိပြီး အရှေ့တောင်အာရှဒေသနှင့် ပတ်သက်သည့် လူမှုစီးပွား၊ နိုင်ငံရေးရာသုတေသန အဖြာဖြာကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် CSEAS သည် ထိုင်းနိုင်ငံ ဘန်ကောက်နှင့် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ မြို့တို့တွင် သူ၏ဆက်ဆံရေး ရုံးခွဲများ ဖွင့်လှစ်ထားရှိသည်။ CSEASသည် နှစ်စဉ် နိုင်ငံတကာ သုတေသီ ၁၄ ဦးအား CSEAS Fellowship များ ပေးအပ်လျက်ရှိပြီး CSEAS ၏စာရင်းများအရ မြန်မာနိုင်ငံမှ ၂၀၁၅ တွင် တစ်ဦး။ ၂၀၁၆ တွင် သုံးဦး၊ ၂၀၁၇ တွင် သုံးဦး၊ ၂၀၁၈ တွင် တစ်ဦး၊ ၂၀၁၉ တွင် နှစ်ဦး CSEAS Fellowship များ လက်ခံရရှိခဲ့သည်ကို တွေ့ရှိရသည်။ စာရင်းများအရ မြန်မာနိုင်ငံမှ လက်ခံရရှိသူအားလုံးသည် ရန်ကုန်တက္ကသိုလ်။ ဒဂုံတက္ကသိုလ်၊ ရေဆင်းတက္ကသိုလ် သည့် တက္ကသိုလ်အဖွဲ့အစည်းများမှ ဖြစ်ကြပြီး CSEAS တွင် ဧည့်သုတေသီများအဖြစ် သုံးလကြာ တာဝန်ထမ်းဆောင်ခဲ့ကြသည်ကို လေ့လာတွေ့ရှိရသည်။

 

U+3

 

စာရေးသူသည် ယခုအခါ CSEAS တွင်  ဧည့်သုတေသီအဖြစ် ခြောက်လကြာ တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ သို့ဖြစ်ရာ စာရေးသူ၏ မိတ်ဆွေအများစုက စာရေးသူအား CSEAS Fellowship ရရှိသည်ဟု ထင်မြင်ကြပါသည်။ စာရေးသူသည် CSEAS မှ Fellowship ရရှိခြင်းမဟုတ်ပါ။ The Japan Foundation မှ Fellowship ရရှိခြင်း ဖြစ်ပါသည်။ သို့ဖြစ်ရာ စာရေးသူသည် CSEAS Fellow oposalu The Japan Foundation Fellow ဖြစ်ပါသည်။ မြင်အောင်ပြောရလျှင် စာရေးသူ ကျိုတိုတွင် သုတေသီအဖြစ်နေထိုင်စဉ်ကာလ ထောက်ပံ့သည့်အဖွဲ့ အစည်းမှာ ဂျပန်ဖောင် ဒေးရှင်း {The Japan Foundation) ဖြစ်ပါသည်။ CSEAS ကမူ စာရေးသူအား ရေးသားမည့် သုသနလုပ်ငန်းဆောင်တာများ လုပ်ဆောင်နိုင်စေရန် ရုံးခန်းနေရာ အသုံးပြုခွင့်ပေးပါသည်။

ကြုံကြိုက်တုန်း မြန်မာနိုင်ငံသားများ လျှောက်ထားနိုင်သော CSEAS Fellowship အကြောင်း အနည်းငယ် ရေးသားပါမည်။ (စာရေးသူရရှိသည့် The Japan Foundation မှ Fellowship အကြောင်း ယခင်ဆောင်းပါးများတွင် ထည့်သွင်းရေးသားပြီးဖြစ်ပါသည်။ CSEAS တွင် ဒေသအတွင်းမှ အထူးသဖြင့် အရှေ့တောင်အာရှဒေသနိုင်ငံများမှ သုတေသီများအတွက် ကျိုတိုတက္ကသိုလ်၏ CSEAS တွင် အချိန်ပိုင်းဧည့်သုတေသီအဖြစ် တာဝန်ထမ်းဆောင်နိုင်သော ထောက်ပံ့ကြေး ပေးအပ်သည့် သုတေသနထောက်ပံ့ကြေး  အစီအစဉ် (CSEAS Fellowship) ရှိပါသည်။ ထို Fellowship အစီအစဉ်ကို ၁၉၇၅ ခုနှစ်တွင် အစပြုခဲ့ခြင်းဖြစ်ပြီး အရှေ့တောင်အာရှဒေသနှင့် ပတ်သက်သည့် သုသနများလုပ်ဆောင်နေသည့် နိုင်ငံတကာသုတေသီများ၏ လုပ်ငန်းဆောင်တာများ ထိရောက်အောင်မြင်စေရန် ရည်ရွယ်ပါသည်။

 

cc

 

ယခု ၂၀၁၉ ခုနှစ်အထိအရှေ့တောင်အာရှ ဒေသနှင့်ပတ်သက်သည့် ကဏ္ဍပေါင်းစုံတွင် သုတေသနပြုနေကြသော နိုင်ငံတကာ သုတေသီ ၄၀၀ ကျော်မှာ အဆိုပါ CSEAS Fellowship အား ရရှိခဲ့ကြပြီးဖြစ်ပါသည်။ Fellowship သည် သုံးလမှ ခြောက်လအထိ ကြာမြင့်ပြီး နှစ်စဉ် Fellowship ၁၄ ခု ပေးအပ်ပါသည်။ ထို့ပြင် CSEAS သည် ၎င်း၏ CSEAS Fellow များအပြင် ပြင်ပမှ စာရေးသူကဲ့သို့ ဂျပန်ဖောင်ဒေးရှင်းကပေးအပ်သော သုတေသန ထောက်ပံ့ကြေးရရှိသည့် The Japan Foundation Fellow များကိုလည်း လက်ခံပါသည်။

CSEAS Fellowship 2004 ပညာရှင်များသာမက အစိုးရဝန်ထမ်းများ၊ စာနယ်ဇင်းသမားများ၊ ပြင်ပပုဂ္ဂိုလ်များ မည်သူမဆို သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီပါကလျှောက်ထားနိုင်ကြောင်း သိသည်။ CSEAS Fellowship ရရှိသူများသည် က်ဆိုင်ရာ စာတမ်းများရေးသားရမည်ဖြစ်သည့်အပြင် CEAS က ပြုလုပ်သော Seminar များ၊ ဆွေးနွေးပွဲများသို့လည်း တတ်နိုင်သလောက် တက်ရောက်ရမည်ဖြစ်သည်။

ထို့အပြင် CSEAS မှ ထုတ်ဝေသော ဂျာနယ်၊ စာအုပ်များတွင်လည်း ဆောင်းပါးများ ရေးသားရန် တိုက်တွန်းသည်။ Fellowship မပြီးဆုံးမီ မိမိလုပ်ဆောင်ပြီးစီးခဲ့သည်များကို အများသိရှိစေရန် ပြန်လည်ရှင်းလင်း တင်ပြရမည်ဖြစ်သည်။ CSEAS Fellowship ရရှိသူများ သည် ကျိုတိုတွင် နေထိုင်စဉ်ကာလ နေထိုင်စားသောက်စရိတ်နှင့် သုတေသနနှင့်ပတ်သက်သည့် ဂျပန်နိုင်ငံအတွင်း ခရီးသွားလာ ကုန်ကျစရိတ်များကို လက်ခံရရှိမည်ဖြစ်သည်။ CSEAS Fellow များသည် Fellowship ရရှိစဉ်ကာလ ကျိုတိုတက္ကသိုလ်၏ ဝန်ထမ်းများအဖြစ် သတ်မှတ်ထားသည့်အတွက် ကျောင်းစည်းမျဉ်း စည်းကမ်းများကို လိုက်နာဆောင်ရွက်ရမည် ဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် CSEAS တွင် ၁၉၈၅ ခုနှစ် အောက်တိုဘာလမှ ၁၉၈၆ ခုနှစ် ဇွန်လအထိ ကိုးလကြာ ဧည့်သုတေသီအဖြစ်တာဝန်များထမ်းဆောင်ခဲ့ဖူးပြီး ၎င်းဧည့်သုတေသီအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် CSEAS ၏အရှေ့ဆောင် East Building တွင် ဒေါ်အောင်ဆန်းစုကြည်အခန်း ဟု အမည်ပေးထားသည့် အခန်းတစ်ခန်း ရှိပါသည်။ ယခုထိုအရှေ့ဆောင်မှာ ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ရက်နေ့မှစတင်ကာ ပြင်ဆင်မှုများ ပြုလုပ်မည်ဖြစ်သဖြင့် ယာယီပိတ်ထားပါသည်။ ။

CSEAS စာကြည့်တိုက် ပထမထပ်ရှိ စာဖတ်ခန်းတစ်ခုတွင်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ မှတ်တမ်းဓာတ်ပုံများ ချိတ်ဆွဲထားရှိသော Aung San Suu Kyi's Comer ဟု အမည်ပေးထားသည့် နေရာတစ်ခုကို တွေ့ပါသည်။ စာဖတ်ခန်းအတွင်းတွင် ဓာတ်ပုံရိုက်ခွင့်မပြုပါ။ SEAS စာကြည့်တိုက်သည် အတော်အသင့် ကျယ်ဝန်းပြီး ဆွဲဆောင်မှု ရှိသော အနောက်တိုင်းဗိသုကာ အဆောက်အဦတစ်ခု ဖြစ်ပါသည်။

 

aa

 

အဆိုပါ စာကြည့်တိုက်သည် နှစ်ပေါင်း ၁၃၀ ကျော်သက်တမ်းရှိပြီဖြစ်ပြီး ယခင်က ကျိုတိုမြို့၏ စက်ရုံတစ်ခုဖြစ်ခဲ့သည်ဟု ဆိုသည်။ စာကြည့်တိုက်အတွင်း မြန်မာနိုင်ငံနှင့် ပတ်သက်သည့်စာအုပ်များ အများအပြားတွေ့ရပြီး အချို့စာအုပ်များမှာ များစွာရှေးကျသည်ကို တွေ့ရသည်။

စာရေးသူလည်း CSEAS စာကြည့်တိုက် သို့ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံမှ ယူဆောင်လာသော စာရေးသူရေးသားသည့် ဆောင်းပါးများစုစည်းမှု စာအုပ်များနှင့် ဆွီဒင်နှင့် စင်ကာပူ နိုင်ငံများတွင် ဧည့်သုတေသီအဖြစ် တာဝန်ထမ်းဆောင် စဉ်ရေးသားခဲ့သည့် စာတမ်း၊ စာအုပ်များ စုစုပေါင်း ခုနစ်အုပ်လှူဒါန်းခဲ့ပါသည်။

အရှေ့တောင်အာရှ ဒေသလေ့လာရေးစင်တာ Center for Southeast Asian StudiesCSEAS) နှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက  https://en.kyoto.cseas.kyoto-u.ac.jp/ တွင် သွားရောက်လေ့လာဖတ်ရှုနိုင်ပါသည်။ ။

အောင်အောင် IR