ညောင်ဦး ၂၉ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ လာရောက်လည်ပတ် သည့် ပြည်ပခရီးသွား ဧည့်သည်များ ပုဂံဒေသနှင့်ပတ်သက်သည့် ရေးသားထုတ်ဝေထားသည့် စာအုပ်များ ဝယ်ယူမှု များပြားနေကြောင်း သိရသည်။
ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ လာရောက်လည်ပတ်ကြသော အနောက်ဥရောပ နိုင်ငံသား များဖြစ်သည့် ပြင်သစ်နိုင်ငံသားများ၊ဂျာမဏီနိုင်ငံသားများသည် ပုဂံ-ညောင်ဦးဒေသ အကြောင်း အင်္ဂလိပ်လို ရေးသားထုတ်ဝေထားသည့် ဘာသာပြန်စာအုပ်များအား အိမ်ပြန်အမှတ်တရ လက်ဆောင်အဖြစ် ဝယ်ယူမှုများကြကြောင်း ရွှေစည်းခုံဘုရားဂေါပကအဖွဲ့ထံမှသိရသည်။
ပြည်တွင်း ခရီးသွားဧည့်သည်များမှလည်း ပုဂံသမိုင်းပုံရိပ်အကြောင်းအရာ ရေးသားထားသည့် စာအုပ်များကို ဝယ်ယူမှုများပြားကြောင်း ပြည်ပခရီးသွားများအနေဖြင့် စာရေးဆရာ တင်နိုင်တိုးရေး သားသည့် ပုဂံသမိုင်း စာအုပ်များ၊ဒေါက်တာသက်လွင်ရေးသားသည့် သမိုင်းထဲကပုဂံ ပုဂံထဲကသမိုင်း စာအုပ်များနှင့် ပုဂံ-ညောင်ဦးဒေသရှိ စေတီပုထိုးများနှင့် သဘာဝအလှရှုခင်းများကို ဦးစားပေး ဖော်ပြသည့် ဓာတ်ပုံ မှတ်တမ်းစာအုပ်များကိုလည်း ဝယ်ယူမှုများပြားကြောင်း ပုဂံ - ညောင်ဦးသမိုင်းဝင် ဘုရားများတွင် စာအုပ်ရောင်းချနေသူများက ပြောကြားသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)