ရန်ကုန် ၂၉ နိုဝင်ဘာ
မြန်မာနိုင်ငံတွင် ဘူမိဗေဒအင်ဂျင်နီယာဘာသာရပ်ဖြင့်လုပ်ကိုင်သူများ၊ သုတေသနပြုနေသူများနှင့် ဘူမိဗေဒဘာသာရပ် သင်ကြားနေသူများအား ပညာရှင်လေးဦးမှဆွေးနွေးသော အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံက်(၉)နာရီခွဲကရန်ကုန်မြို့၊ ကမာရွ တ်မြို့နယ်ရှိ နိုဗိုတယ်ဟိုတယ်တွင် ကျင်းပခဲ့သည်။
မြေပြင်နှင့်ရေအောက်တွင် အဆောက်အအုံများ တည်ဆောက်ရာ၌ မြေကိုစူးစမ်းလေ့လာသော ပညာရပ်သည်အထူးအေ ရးပါသောကြောင့် ရန်ကုန်မြို့ရှိ ကိုလိုနီခေတ်အဆောက်အအုံများ၊ ယနေ့ခေတ်တွင်တည်ဆောက်လျက်ရှိသည့် အဆောက်အအုံများနှင့်ရေနက် ဆိပ်ကမ်းတည်ဆောက်ရာတွင် ရေအောက်မြေအခြေအနေတို့ကို ပညာရှင်လေးဦးကဟောပြောဆွေးနွေးခြင်းဖြစ်ပြီး ပရော်ဖက်ဆာ ဦးမြင့်ဝင်းဘိုက အဆောက်အအုံအတွက် အုတ်မြစ်တည်ဆောက်ပုံ၊ မြန်မာနိုင်ငံ ဥမင်လိုဏ်ခေါင်း ကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်အေးက အဆောက်အအုံအတွက် ရှဲဒိုးဖောင်ဒေးရှင်းအုတ်မြစ်၊ တီဖောင်ဒေးရှင်းအုတ်မြစ်တည်ဆောက်ပုံ၊ ဒေါက်တာစိုးမိုးကျော်ဝင်းက တည်ဆောက်ပြီးသော အဆောက်အအုံများ ရေရှည်ခံနိုင်ရည်ရှိစေရန်နှင့် အန္တရာယ်ကင်းဝေးစေရန်တည်ဆောက်ပုံနှင့် ဦးစောထွေးဇော်က ရှေးဟောင်းစေတီ၊ ပုထိုးများနှင့်ပုဂံဘုရားများ အုတ်မြစ်ချထားမှုအရည်အသွေးဆိုင်ရာ ငလျင်ဒဏ်ခံနိုင်မှုရှိစေရေးတို့ကို ဆွေးနွေးဟောပြောခဲ့သည်။
“ရန်ကုန်မြို့က ကိုလိုနီအဆောက်အအုံတွေက အများဆုံးလေးထပ်ပဲမြင့်တယ်။ အုတ်မြစ်ကတိမ်ပေမယ့် အဆောက်အအုံနဲ့ မျှတဟန်ချက်ညီအောင်ဆောက်ခဲ့ကြတယ်။ ယနေ့ခေတ်အဆောက်အအုံတွေကအထပ်မြင့်ပြီး အုတ်မြစ်တိမ်တာကြောင့် ငလျင်ဒဏ်ကိုခံနိုင်ရည်မရှိဘူး။ နိုင်ငံတကာစံချိန်စံညွှန်းလည်းမမီနိုင်ဘူး။ ငလျင်ဗဟိုနဲ့နီးတာ၊ ဝေးတာနဲ့အဆောက်အအုံပျက်စီးမှု သက်ဆိုင်ပေမယ့် တည်ဆောက်ချိန်မှာ ဒါကိုထည့်သွင်းရေးဆွဲပြီး တည်ဆောက်မယ်ဆိုရင် အပျက်အစီးနည်းပါးနိုင်တယ်။ တစ်ချက်လေးလှုပ်တာနဲ့ အဆောက်အအုံတွေ တိမ်းစောင်းသွားတာတွေ မဖြစ်ဘူးပေါ့။ ဘူမိပညာရှင်တွေက အကြံပေးတဲ့အတိုင်း တည်ဆောက်မယ်ဆိုရင် သဘာဝဘေးကို ကာကွယ်နိုင်တယ်။ အဆောက်အအုံအတွက် အုတ်မြစ်တည်ဆောက်ရာမှာခိုင်ခံ့ဖို့ အတွက်ပညာရပ်ပိုင်းဆိုင်ရာတွေကို ဆွေးနွေးတာပါ”ဟု ကနေဒါနိုင်ငံ၊ တိုရမ်တိုမြို့တွင် နေထိုင်သော ပရော်ဖက်ဆာ ဦးမြင့်ဝင်းဘိုက ပြောသည်။
Myanmar Applied Earth Sciences Association(MAESA)ပွဲကို ၂၀၁၇- ခုနှစ်တွင် တစ်ကြိမ်ကျင်းပခဲ့ပြီး ၂၀၁၉-ခုနှစ် တွင် ညှိနှိုင်း ဆွေးနွေးပွဲကို ဒုတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ရာ အလုပ်ရုံဆွေးနွေးပွဲ Workshop ကိုယခုပထမဆုံးအကြိမ် အဖြစ် ကျင်းပခြင်းဖြစ်၍ နိုဝင်ဘာ(၃၀)ရက်နေ့တွင် ကျင်းပသော Conference တွင် ဘူမိနှင့် စပ်လျဉ်းသော ဘာသာရပ်များစွာကို ဆွေးနွေးသွားမည့်အပြင် လူနှင့်ပတ်ဝန်းကျင်ကို မထိခိုက်စေမည့် အမှိုက်ပုံတည်ဆောက်ခြင်းကို အင်ဂျင်နီယာပညာရပ်ဖြင့်မည်သို့ တည်ဆောက်မည်ဟူသောဘာသာရပ်ကိုလည်း ဆွေးနွေးသွားမည်ဟု သိရသည်။
အထပ်မြင့်အဆောက်အအုံများနှင့် လေးလံသောအဆောက်အအုံများ တည်ဆောက်ရာတွင် အုတ်မြစ်ပိုင်းဆိုင်ရာ တည်ဆောက်မှုသည် အထူးအရေးပါလျှက်ရှိပြီး သဘာဝဘေးဒဏ်ကိုခံနိုင်ရည်ရှိရန် နိုင်ငံတကာ သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ ရေးဆွဲတည်ဆောက်ရန်လိုအပ်လျှက်ရှိသည်။ ဒီဘက်ခေတ်မှာဆောက်တဲ့ အထပ်မြင့် အဆောက်အအုံတွေမှာ အုတ်မြစ်ပိုင်းဆိုင်ရာ တည်ဆောက်မှုဟာအ ရေးကြီးလာပါပြီ။ မြန်မာနိုင်ငံငလျင် အသင်းနဲ့မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းတို့ကအသိပညာပေး လုပ်ဆောင်မှုတွေကို (၅)နှစ်ကျော်ကာလမှာ တွေ့ရမှာပါ။ အခုလည်း ငလျင်ကော်မတီနဲ့ ဂျပန်နိုင်ငံ ပူးပေါင်းပြီး စိုးရိမ်ရတဲ့အဆော က်အအုံတွေ စစ်ဆေးတာတွေလည်းရှိတယ်။ အဆောက်အဦရဲ့ ကြမ်းပြင်တွေစောင်းတာ၊ တံခါးဘောင်တွေ၊ တံခါးတွေကြပ် တယ်ဆိုရင် အုတ်မြစ်ချထားတာ လိုအပ်ချက်ရှိနေပြီ ဆိုတာသိရမယ်။ ငလျင်မလှုပ်မီသတိပြုမိရင် အင်ဂျင်နီယာနဲ့ တိုင်ပင်စစ်ဆေးသင့်တယ်။ ဒီနေ့ Workshop က လူတွေအတွက် အကျိုးရှိစေမယ့် အလုပ်ရုံဆွေးနွေးပွဲ တစ်ခုပါ” ဟု မြန်မာနိုင်ငံ ဥမင်လိုဏ် ခေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဇော်ဇော်အေးက ပြောသည်။
ယနေ့အလုပ်ရုံ ဆွေးနွေးပွဲတွင် စင်္ကာပူနိုင်ငံပင်လယ်အတွင်း အိမ်ရာတည်ဆောက်မှုတွင် ပါဝင်သောပညာရှင်နှင့် ကနေဒါနိုင်ငံမှ ပညာရှင်၊ အင်ဂျင်နီယာပညာရှင်နှင့် ငလျင်ဒဏ်ခံနိုင်သော အုတ်မြစ်ပိုင်းဆိုင်ရာ ပညာရှင်တို့ကဆွေးနွေး၍ နိုဝင်ဘာ(၃၀)ရက်နေ့တွင် Pre-Conference ပွဲကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထိုက်
ဓာတ်ပုံ - ထိန်လင်း