၁၀ ဇန်နဝါရီ

 

မိသားစုနှိပ်စက်ညှဉ်းပန်းမှုနှင့် အတင်းအကျပ် လက်ထပ်ခိုင်းမှုတို့ကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့သော အသက် ၁၈ နှစ်အရွယ် ဆော်ဒီအမျိုးသမီး၏ ခိုလှုံခွင့် တောင်းခံမှုကို လက်ခံရေး စဉ်းစားမည်ဟု သြစတြေးလျက ပြောကြားခဲ့သည်။

 

အဆိုပါ ရာဟတ် မိုဟာမက် အယ်ကွန်နွန် သည် ပြီးခဲ့သည့် ရုံးပိတ်ရက်က ဘန်ကောက်သို့ ရောက်ရှိခဲ့ပြီး သြစတြေးလျတွင် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားရန် စီစဉ်ခဲ့ကြောင်းနှင့် သူပြန်လာလျှင် မိသားစုက သူ့ကို သတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးက ကွန်နွန်ကို ကာကွယ်စောင့်ရှောက်မှုပေးခဲ့ပြီး ခိုလှုံခွင့် လက်ခံပေးဖို့ စဉ်းစားရန် ၎င်းတို့ထံ တောင်းဆိုခဲ့သည်ဟု သြစတြေးယျက ဆိုသည်။

 

ကွန်နွန်၏ မိသားစုဝင်အများအပြား ဘန်ကောက်ကို ရောက်ရှိလာခဲ့သော်လည်း ကွန်နွန်က၎င်းတို့နှင့် တွေ့ဆုံရန် ငြင်းဆိုကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားခဲ့သည်။

 

ကွန်နွန်၏ မိသားစုက  သူ့အပေါ် နှိပ်စက်ညှဉ်းပန်းသည်ဟူသော သူ၏ပြောဆိုချက်ကို  ဖခင်ဖြစ်သူက မဟုတ်မှန်ကြောင်း ငြင်းဆိုထားသည်။

 

ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန်  မြင့်မြင့်ချို