ဗန်းမော် ၁ ဒီဇင်ဘာ

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သူနာပြုဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆုရကျောင်းသား ကျောင်းသူများ စုစုပေါင်း ၂၀၀ ကျော်တက်ရေက်ကြသည်။

 

095514

 

အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်က ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ ယခုနှစ်ဆောင်ပုဒ်မှာ "အေအိုင်ဒီအက်စ်ရောဂါ ကင်းဝေးရေး လူထုအားလုံးပါဝင်ပေး" ဖြစ်ကြောင်း၊ HIV/AIDS ရောဂါ ကာကွယ်တိုက်ဖျက်ရေးနှင့် ပြုစုစောင့်ရှောက် ကုသရေးလုပ်ငန်းများကို အားလုံးပူးပေါင်း၍ အရှိန်အဟုန်ဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

 

1010149

 

ဆက်လက်၍ ဒုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာ နီလာခိုင်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်းကို ဖတ်ကြားသည်။။

ဆက်လက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်တို့က ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ထို့နောက် တက်ရောက်သူများက ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့နှင့် ပတ်သက်၍ အသိပညာပေးပြခန်းအား လှည့်လည်ကြည့်ရှု အားပေးကြကာ တာဝန်ရှိသူများက အသိပညာပေး လက်ကမ်းစောင်များ ဖြန့်ဝေပေခဲ့ကြောင်း သိရသည်။

ဆီမီးခုံ-နန်းရီ