ပြည် ၃ ဒီဇင်ဘာ
ပဲခူးတိုင်ဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် World AIDS Day ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စက်ဘီးစီးပွဲကို ယနေ့ နံနက် ၆ နာရီက ဗိုလ်ချုပ် အောင်ဆန်း မြင်းစီး ကျောက်ရုပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစက်ဘီးစီးပွဲကို ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုးကြီးကို ပြည်သူများ ပိုပြီး သိလာအောင် လှုံ့ဆော်လိုခြင်း၊ ရောဂါဖြစ်ပွားနေသူများကို နှစ်သိမ့်ဆွေးနွေး အားပေးလိုခြင်း စတဲ့ ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊ ခေတ္တရာ စက်ဘီးစီးကလပ်မှ ဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောသည်။
စက်ဘီးစီးပွဲသို့ စက်ဘီးအစီး (၃၀ဝ)ခန့် လာရောက်စီးနင်းခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်း မြင်းစီး ကျောက်ရုပ်မှ ဗိုလ်ချုပ်လမ်းအတိုင်း တာဂွသို့၊ တာဂွမှ မြောက်စောင်တန်းလမ်း၊ မြောက်စောင်တန်း လမ်းမှ အ.ထ.က(၁) လွတ်လပ်ရေးကျောက်တိုင်ကွင်းသို့ စီးနင်းခဲ့ကြသည်။
လွတ်လပ်ရေးကျောက်တိုင် ကွင်း၌ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်ပြခန်းများနှင့် ဖျော်ဖြေရေးပွဲများကို ညနေ ၄နာရီတွင် ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။
မင်းမင်းစိုး(ပြည်)