ဟောင်ကောင်မှာ ဆန္ဒပြမှုတွေ ခြောက်လနီးပါး ဖြစ်လာခဲ့ပြီးတဲ့နောက်မှာတော့ ဟောင်ကောင်မှာ ရှိတဲ့သူတွေဟာ သူတို့ရဲ့ အနာဂတ်အရေးအတွက် နိုင်ငံခြားမှာ ဘဝသစ်တွေ ထူထောင်ဖို့တောင် လုပ်ဆောင်နေကြပါပြီ။ သူတို့တွေရဲ့ စိတ်ကူးကတော့ အိမ်နီးချင်း ဒီမိုကရေစီ စနစ်ကျင့်သုံးတဲ့ တရုတ်(တိုင်ပေ)မှာ သွားရောက်အခြေချနေထိုင်သွားဖို့ပဲ ဖြစ်ပါတယ်။ တရုတ်(တိုင်ပေ)ဟာ ဟောင်ကောင် သားတွေကို ရှေးမဆွကတည်းကပဲ ဆွဲဆောင်နေခဲ့တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ အခုလိုမျိုး နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် မိုးထိမြင့်မားနေတဲ့ အခန်းငှားခတွေပါ ဖြစ်လာတဲ့ အခါမှာတော့ ဟောင်ကောင်မှာနေတဲ့သူတွေရဲ့ စိတ်ကူးတွေပိုလို့တောင် ကျိန်းသေသွားခဲ့သလို ဖြစ်ခဲ့ပါတယ်။
တရုတ်(တိုင်ပေ) မှာ နေထိုင်ခွင့်ရရေး လွန်ခဲ့တဲ့တစ်နှစ် ဟောင်ကောင်ရဲ့ ရင်းနှီး မြှုပ်နှံမှုတွေ နှစ်ဆမြင့်တက်ခဲ့တုန်းကတော့ ဟောင်ကောင်မှာ အခြေချသူတွေရော လာရောက်နေထိုင်သူတွေပါ မြင့်တက်လာခဲ့ပါတယ်။ အခုကတော့ အရင်နှစ်နဲ့မတူဘဲ နိုင်ငံရေးအခြေအနေ မတည်မငြိမ် ဖြစ်ခဲ့ရပါတယ်။
ဟောင်ကောင်ဟာ စိတ်မချရတော့ဘူး။ မနက်ဖြန် ဘာတွေဖြစ်မယ်ဆိုတာ သိရမှာ မဟုတ်ဘူး။ အရာရာပြောင်းလဲအောင် လုပ် ဆောင်နေတဲ့ အဖွဲ့ဝင်တွေ ရှိနေကြတယ်လို့ ဟောင်ကောင်မှာ ရှိသူတစ်ဦးက ပြောပါတယ်။ အရာရာဟာ အရင်အတိုင်း ပြန်ဖြစ်မလာ နိုင်တော့ဘူး။ ဟောင်ကောင်ရဲ့ အနာဂတ်ဟာ ဘယ်လိုရှိမယ်ဆိုတာ မသိတော့ဘူး၊ ဘယ်လိုဆက်ပြီး စခန်းသွားမလဲဆိုတာ မသိနိုင်တော့ ဘူးလို့ သူကဆက်ပြောပါတယ်။
တရုတ် (တိုင်ပေ) ဟာ နေရပ်ရွှေ့ပြောင်း အခြေချသူတွေကို အသိအမှတ်ပြုမှာ မဟုတ်သလို ပဋိပက္ခရှောင်သူတွေကိုလည်း လက်ခံသွားမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ရဲ့ ဩဇာလွှမ်းမိုးလာမှာစိုးတဲ့အတွက်ပဲ ဖြစ်ပါတယ်။ သို့သော်လည်း ဟောင်ကောင် ပြည်သူတွေဟာ ရင်းနှီးမြှုပ်နှံမှုအကြောင်းများ အပါအဝင် အခြားအကြောင်းတွေနဲ့ တရုတ် (တိုင်ပေ) မှာ နေထိုင်ခွင့်ရရေး လျှောက်ထားနိုင်ပါတယ်။
မျှော်လင့်ချက်များနဲ့မြို့
ယခင်က အိုင်တီကျွမ်းကျင်သူအဖြစ် လုပ်ခဲ့ဖူးတဲ့ ချိုချန်မင်ဟာ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်နဲ့ နေထိုင်ခွင့် ခွင့်ပြုချက်ကို မကြာသေးမီကရရှိခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ဆိုတာ ဩစတြေးလျ၊ ကနေဒါနဲ့ အမေရိကန် ပြည်ထောင်စုတို့မှာ ကျင့်သုံးနေတဲ့ တခြားနာမည်ကြီး လူဝင်မှုဆိုင်ရာ ရည်မှန်းချက် ပြည့်မြောက်ရေး ကုန်ကျစရိတ်တစ်ခုမျှသာ ဖြစ်ပါတယ်။ အသက် ၄၁ နှစ်ရှိသူတစ်ဦးဟာလည်း တရုတ်(တိုင်ပေ) တောင်ပိုင်းမှာရှိတဲ့ ကောင်စီယွမ် မြို့လေးကို ငှားရမ်းခသက်သာတာနဲ့ရွှေ့ ပြောင်းလာခဲ့ပါတယ်။ အဲဒီနေရာလေးဟာ သူ့ရဲ့ကလေးဘဝစိတ်ကူးယဉ်အိပ်မက်လေး ဖြစ်တဲ့ Car Cafe တစ်ခုကို ဖွင့်နိုင်ခဲ့ပါတယ်။
တရုတ်(တိုင်ပေ)မှာ လွတ်လပ်စွာပြောဆို မှုဟာ လက်ရှိအခြေအနေတစ်ခုဖြစ်ပြီး ပြည်သူတွေဟာ သမ္မတနဲ့ အမတ်တွေကို ရွေးချယ်နိုင်ပါတယ်။ သို့သော်လည်း ဟောင်ကောင်မှာ ဒီလိုဟုတ်ချင်မှ ဟုတ်နိုင်မှာပါလို့ အသက် ၄၁ နှစ်ရှိ ဆိုင်ပိုင်ရှင်က ပြောပါတယ်။ ဟောင်ကောင်မှာ ဖြစ်ပေါ်နေတဲ့ ဆန္ဒပြမှုတွေဟာ တရုတ်နိုင်ငံကို လုပ်ပိုင်ခွင့်ပေးမယ့် အဆိုပြု ဥပဒေအပေါ် မကျေမနပ် တုံ့ပြန်မှုများသာ ဖြစ်ပါတယ်။ အဲဒီကစတဲ့ ကိစ္စဟာ နောက်ပိုင်း မှာတော့ ဟောင်ကောင်ရဲ့ လွတ်လပ်ခွင့်တွေကို တောင်းဆိုလာတဲ့အထိ ပေါက်ကွဲမှုတွေကို ဖြစ်စေခဲ့ပါတယ်။ ပေကျင်းဟာ တစ်နိုင်ငံစနစ်နှစ်ခု မူဝါဒကို ဟောင်ကောင်အတွက် ကျင့်သုံးခဲ့ပြီး ဟောင်ကောင်ကို ပိုမိုလွတ်လပ်မှုနဲ့ ဥပဒေ စိုးမိုးရေးတို့ကို ခွင့်ပြုပေးခဲ့ပါတယ်။ သို့သော်လည်း ဟောင်ကောင်ဆန္ဒပြသူတွေဟာ ဒါတွေဟာ တဖြည်းဖြည်း လျော့ရဲလာပြီလို့ ဆိုကြပါ တယ်။
ဒီစနစ်ဟာ နှစ်ပေါင်း ၅၀ အထိ အာမခံပေးထားပြီး လာမည့် ၂၀၄၇ ခုနှစ်မှာ ကုန်ဆုံး မှာဖြစ်သော်လည်း ဟောင်ကောင်သားတွေကပေကျင်းရဲ့ လွှမ်းမိုးမှုအောက်မှာ သူတို့ရဲ့ လွတ်လပ်ခွင့်ဟာ ကျဆင်းခဲ့တယ်လို့ ဆိုပါ တယ်။ တစ်နိုင်ငံ စနှစ်တစ်မျိုးတစ်နည်း တစ်နိုင်ငံတည်းဖြစ်လာတဲ့အထိ လွတ်လပ်ခွင့်တွေ အပေါ် ထိန်းချုပ်မှုတွေဟာ ဟောင်ကောင်မှာ ဆက်ဖြစ်နေမယ့်သဘော တွေ့ရပါတယ်လို့ ချိုက ပြောပါတယ်။
ဟောင်ကောင်သားတွေရဲ့ နိုင်ငံခြား ရွှေ့ပြောင်းမှုတွေကို တချို့က တတိယလှိုင်း အဖြစ် တင်စားခေါ်ဝေါ်နေကြပါတယ်။ ဘာဖြစ် လို့လဲဆိုတော့၁၉၉၇ ခုနှစ်မှာ ဟောင်ကောင် သားတွေဟာ နိုင်ငံခြားကို ထွက်ခဲ့ပါတယ်။ တချို့ အနည်းငယ်လောက်သော ဟောင်ကောင်သားတွေကတော့ ၂၀၁၄ ဒီမိုကရေစီ ထောက်ခံလှုပ်ရှားမှုမှာ ရှုံးနိမ့်ထားပြီးတဲ့နောက် နိုင်ငံခြားကို ထွက်ခဲ့ပါသေးတယ်။ စီးပွားရေးလုပ်ငန်းရှင် ဆုကီလိုင်လည်း ဒီမိုကရေစီထောက်ခံဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့ပါတယ်။ သို့သော်လည်း သူလည်း အခုတော့ တရုတ် (တိုင်ပေ)မှာ အခြေချဖို့ စီစဉ်နေပြီလို့ သိရပါတယ်။ သူ့ရဲ့ အသက်နှစ်နှစ်အရွယ်သမီးလေး အတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်လှပဖို့ အဲဒီလို လုပ်တာပါလို့ပြောခဲ့ပါတယ်။ ကျွန်မရဲ့ စိတ်တွေဟာ ဘ၀ရဲ့ အနိမ့်အမြင့်အတက်အကျပြောင်းလဲဖြစ်ပေါ်မှုတွေကို ကျော်ဖြတ်ခဲ့တော့ ကျွန်မဟာ ကျွန်မရဲ့ စိတ်တွေကို ကောင်းမွန်စွာ ထိန်းကျောင်းတတ်ခဲ့ပါတယ်လို့ အသက် ၃၇ နှစ်အရွယ် စီးပွားရေးလုပ်ငန်းရှင်က ပြောပါတယ်။
"ကျွန်မသမီးလေး ပိုမိုကောင်းမွန်တဲ့ပညာ ရေးကိုရမယ်။ လွတ်လပ်ပျော်ရွှင်နိုင်မယ်။ အနာဂတ်မှာ သူ့ရဲ့ အိပ်မက်ကလေးတွေကို ပုံဖော်နိုင်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်။ ပြီးတော့လည်း မျှော်လင့်ချက်နဲ့အတူ အဲဒီမြို့ မှာ ရှင်သန်နိုင်မယ်လို့ ထင်ပါတယ်" လို့ သူက ပြောပါတယ်။
( တရုတ် (တိုင်ပေ)ကို ကာကွယ်မယ် တရုတ်(တိုင်ပေ))သို့ ပြောင်းသွားတဲ့တိုင်အောင် ပေကျင်းရဲ့ လွှမ်းမိုးမှုကတော့ ဆက်ရှိကောင်း ရှိနေနိုင်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ခုနှစ်ခုတိုင်တိုင် သီးခြားစီ ကိုယ့်အုပ်ချုပ်ရေး ယန္တရားနဲ့ ကိုယ်ရှိနေကြသော်လည်း ပေကျင်း ရဲ့နိုင်ငံရေးမျက်နှာစာမှာ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ကျွန်းငယ်လေးဖြစ်နေပြီးတော့ အကယ်၍ လိုအပ်လာမယ်ဆိုပါက ပြန်လည် သိမ်းလို့ ရနိုင်တဲ့အနေအထားမှာ ရှိနေကောင်း ရှိနေနိုင်ပါတယ်။ ။
၂၀၁၆ ခုနှစ်မှာ သမ္မတ ဖြစ်လာတဲ့ ဆိုင်အင်ဝမ်ကတော့ ဒီတရုတ်(တိုင်ပေ)ကျွန်း ဟာ တရုတ်ရဲ့ အစိတ်အပိုင်းတစ်ခုပါဆိုတဲ့ သုံးသပ်ချက်မျိုးကို ပယ်ချခဲ့ပြီး ဟောင်ကောင်ရဲ့ ဒီမိုကရေစီ ထောက်ခံဆန္ဒပြသူတွေကိုလည်း ကူညီသွားမယ်လို့ ဟစ်ကြွေးနေပါတယ်။
ဒီအပြောတွေကို မကြိုက်တဲ့ပေကျင်းဟာ တရုတ်(တိုင်ပေ)ကိုစီးပွားရေးနဲ့ စစ်ရေးဆိုင်ရာ အရေးယူမှုတွေ ပိုမိုပြုလုပ်မယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။ ဆိုင်ဟာ ဇန်နဝါရီလမှာ ပေကျင်းကိုပိုပြီးနှစ်သက်လိုလားတဲ့ အတိုက် အခံနဲ့ ရွေးကောက်ပွဲမှာ ရင်ဆိုင်ရဖို့ရှိနေပြီး လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ကြစို့ဆိုပြီးဆိုင်က တိုက်တွန်းပြောကြားခဲ့ပါတယ်။
တချို့ရွှေ့ပြောင်းသွားတဲ့ ဟောင်ကောင်သားတွေအနေနဲ့ တရုတ်(တိုင်ပေ)ကျွန်းလေးဟာ သူတို့နေရာမှာ ဖြစ်ပေါ်ခဲ့တဲ့ ဆူပူအုံကြွမှုရဲ့ သင်ခန်းစာကို ဂရုစိုက်လိုက်မယ်လို့ ဆိုပါတယ်။ ထိုင်ဝမ်ကိုကာကွယ်မယ့်လူကို လူတွေက မဲပေးလိမ့်မယ်လို့ ကျွန်တော် ထင်တယ်လို့လည်း ချိုကပြောပါတယ်။ ဘယ်လိုပဲပြောပြော တရုတ်(တိုင်ပေ)ကျွန်းလေးဟာ ဟောင်ကောင်သားတွေ အတွက်တော့ ခိုကိုးရာနေရာတစ်ခု ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။ ။
ကိုးကား - အေအက်ဖ်ပီ
ထွန်းသစ်စ