၄ ဒီဇင်ဘာ
ဖြတ်သန်းမှုအဖုံဖုံ ခမ်းနားကြီးကျယ်ပြီး ထူးခြားတဲ့မြို့ပြရှုခင်းတစ်ခုကို ပိုင်ဆိုင်ထားတဲ့အပြင် ကမ္ဘာ့အလယ်မှာ ဝင့်ထည်လျက်ရှိတဲ့ ရန်ကုန်မြို့၊ ရှေးဟောင်းမြို့ပြအမွေအနှစ်တွေ၊ အဆောက်အအုံတွေ ပေါများစွာတည်ရှိ ပိုင်ဆိုင်ထားတဲ့မြို့၊ ယဉ်ကျေးမှုအမွေအနှစ်၊ သမိုင်းအမွေအနှစ်များအပြင် ကိုလိုနီခေတ် မတိုင်မီနဲ့ ကိုလိုနီခေတ် ဗိသုကာအမွေအနှစ် များစွာတည်ရှိတဲ့ရန်ကုန်မြို့ အတွက် မြို့ပြအမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုများကို ဟန်ချက်ညီညီလုပ်ဆောင်နိုင်ဖို့ ကြိုးစား ဆောင်ရွက်လျက်ရှိပါတယ်။
တန်ဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်များ
ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ ရန်ကုန်မြို့ကို အမွေအနှစ်များနဲ့ စိမ်းလန်းပြီး နေချင်စဖွယ် မြို့ကြီးတစ်မြို့ ဖြစ်လာစေဖို့ ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါတယ်။ ရန်ကုန်မြို့ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ် များကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာ ရန်ကုန်မြို့ပြအမွေ အနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က အဓိကနေရာမှ ပါဝင်ဆောင်ရွက်နေပါတယ်။
“ရန်ကုန်မြို့ဟာ မြို့ဟောင်းဧရိယာတစ်ခု ရှိခဲ့ပါတယ်။ ဒီမြို့ဟောင်းဧရိယာမှာ ကျွန်တော် တို့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ ကျော်လောက် ကစပြီးတော့ ရန်ကုန်မြို့ကြီးကို စပြီးတည်ဆောက်ခဲ့တဲ့ မြို့ပြအမွေအနှစ်ကို ထိန်းသိမ်း ဖို့ရှိနေပါတယ်”လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ရန်ကုန်မြို့ဟာ မူလအမည် ဥက္ကလာပ အဲဒီကမှ တိဂုံ၊ ပြီးတော့ ဒဂုံကျေးစတဲ့ အမည်တွေနဲ့ တည်ရှိခဲ့ပြီး ၁၇၅၅ ခုနှစ် မေလမှာတော့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျက ရန်အပေါင်းကုန်စင်အောင်မြင်တဲ့ အထိမ်း အမှတ်အဖြစ် ရန်ကုန်လို့ အမည်သမုတ်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၂၆၀ ကျော် ရှိလာခဲ့ပြီ ဖြစ်တဲ့ ရန်ကုန်မြို့ဟာ ရှေးဟောင်းအမွေအနှစ်တွေ များစွာတည်ရှိနေတာဖြစ်ပါတယ်။ ဒီလို မြို့ပြရှေးဟောင်းအမွေအနှစ်တွေ အဆောက် အအုံတွေကို တစ်နှစ်ထက်တစ်နှစ် တိုးတက်ဖွံ့ဖြိုးလာတဲ့ မြို့ပြတည်ဆောက်မှုလုပ်ငန်း တွေကြောင့် ပျောက်ကွယ်။ ပျက်စီးမှုမရှိအောင် ထိန်းသိမ်းစောင့်ရှောက်မှုပြုလုပ်နေတာဖြစ်ပါတယ်။
“ဒီလို တိုးတက်ဖွံ့ဖြိုးမှုတွေလာပြီဆိုရင် ကျွန်မတို့ ရန်ကုန်မြို့ရဲ့ လက်ရှိအနေအထား၊ နောက်ပြီး တန်ဖိုးထားရတဲ့ အမွေအနှစ် အဆောက်အအုံတွေ တကယ်လို့ သတိမထား မိခဲ့လို့ရှိရင် တစ်စတစ်စနဲ့ ပျောက်ကွယ် သွားမယ်ဆိုတာကစပြီး မျှော်တွေးကြတယ်။ တိုးတက်ဖွံ့ဖြိုးမှုရဲ့ နောက်မှာ ဒီမြို့ရဲ့ နဂိုရှိပြီး သား အနေအထားအခင်းအကျင်းတွေ ပျောက်သွားတော့မယ်ဆိုတာမျိုးကို စိုးရိမ်တဲ့အတွက်ကြောင့် ကျွန်မတို့ဥက္ကဋ္ဌ ဦးသန်းမြင့်ဦးကနေ စပြီးတော့ ဒီလိုမျိုး သဘောထားရှိတဲ့သူတွေကို လိုက်လံပြောဆိုပြီးတော့ ဒီအဖွဲ့အစည်းကို စတင်တည်ထောင်ဖြစ်တာပါ”လို့ ရန်ကုန် မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဒေါ်မိုးမိုးလွင်က ပြောပြပါတယ်။ မြို့ပြတည်ဆောက်ရေးလုပ်ငန်းထိခိုက်မှုမရှိ ရန်ကုန်မြို့မှာ ရင်းကောက်ယူထားတဲ့ ရှေးဟောင်းမြို့ပြအမွေအနှစ် အဆောက်အအုံ | စုစုပေါင်း ၁၈၉ လုံး ရှိနေပြီး အဲဒီအဆောက် အအုံတွေကို ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းစဉ်များ ကနဦးစီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ ဒီလိုထိန်းသိမ်းစောင့်ရှောက်ခြင်း၊ လုပ်ငန်းတွေကြောင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှု ၊ တည်ဆောက်ရေးလုပ်ငန်းတွေကို ထိခိုက်မှုမရှိနိုင်ပါဘူး။ ရန်ကုန်မြို့မှာရှိတဲ့ ရှေးဟောင်း မြို့ပြအမွေအနှစ်အဆောက်အအုံတွေ တည်ရှိတဲ့ဧရိယာကို တွက်ချက်ရင် ရန်ကုန်မြို့ရဲ့ ၊ ဧရိယာ ၁၀ ရာခိုင်နှုန်းခန့်ပဲ ရှိနေတာကြောင့်ဖြစ်ပါတယ်။
“အရင်ကဆိုရင် ရန်ကုန်မြို့ထဲက ရှေးဟောင်းအဆောက်အအုံတွေက ယိုယွင်းတယ်၊ ပျက်စီးတယ်ဆိုတဲ့အခြေအနေကနေပြီး အခုဆိုရင် တစ်ခုပြီးတစ်ခု ပြန်လည်ထိန်းသိမ်းလာတယ်ဆိုတော့ အရောင်ထွက်လာတယ်။ အသုံးလည်းတည့်လာတယ်။ အသုံးဝင်လာ တယ်ပေါ့။ မြို့ပြအမွေအနှစ်ဆိုတာ ကျွန်မတို့ ကိုယ်ပိုင်မဟုတ်ပါဘူး။ မြို့တွေ၊ လမ်းတွေ၊ လူတွေ အများဆုံးသွားလာနေတဲ့နေရာတွေ၊ အသုံးပြုတဲ့နေရာတွေ၊ ပြည်သူတွေအားလုံး အတွက်ဖြစ်ပါတယ်။ ဒါကြောင့် ထိန်းသိမ်းမှုကို ဦးစားပေးတဲ့ဖွံ့ဖြိုးမှုပေါ့။ ကိုယ့်မှာ ဘာရှိသလဲ၊ အဲဒါဘာဖြစ်နိုင်သလဲ၊ အဲဒါရဲ့ အခွင့်အလမ်းက ဘာတွေရှိသလဲ အဲဒီလို စဉ်းစားပြီးမှ ဆောင်ရွက်တာဖြစ်တယ်။ အဲဒီလို စဉ်းစားပြီးမှ နောက်ဆုံးမဖြစ်နိုင်တော့ဘူး ဆိုတော့မှသာ အစားထိုးချင် ထိုးပေါ့။ ဒါပေမယ့် လက်ရှိအနေအထားပေါ် အခြေခံပြီး စဉ်းစားတဲ့ ဖွံ့ဖြိုးမှုတွေဖြစ်စေချင်တယ်”လို့ ဒေါ်မိုးမိုးလွင်က ပြောပါတယ်။ အပြာရောင်ကမ္ပည်းပြားတွေ တပ်ဆင် ပြည်သူတွေကလည်း အခုဆိုရင် ရန်ကုန် မြို့ရဲ့ အမွေအနှစ်တွေ၊ သမိုင်းဝင်အဆောက် အအုံတွေကို အရင်ကထက် ပိုမိုစိတ်ဝင်စားလာကြပြီး လုပ်ငန်းရှင်တွေကလည်း အဲဒီမြို့ပြ အမွေအနှစ် အဆောက်အအုံတွေမှာ စီးပွားရေး လုပ်ငန်းတွေကို ပိုမိုဖွင့်လှစ်လုပ်ကိုင်လာကြပြီ ဖြစ်ပါတယ်။ ဒီအဆောက်အအုံတွေကို ပြည်သူ တွေ ပိုမိုသိရှိတန်ဖိုးထားလာစေဖို့အတွက် ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက် Yangon Heritage Trust (YHT) ဟာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ ကူညီမှုနဲ့ အထင်ကရအမွေ အနှစ်အဆောက်အအုံတွေမှာ အပြာရောင် ကမ္ပည်းပြားတွေ တပ်ဆင်လျက်ရှိပါတယ်။
ရန်ကုန်မြို့ရဲ့ ပထမဆုံးအပြာရောင် ကမ္ပည်းပြားကို ရန်ကုန်မြို့တော်ခန်းမမှာ စတင်တပ်ဆင်ခဲ့ပြီး အခြားထင်ရှားတဲ့ အမွေအနှစ် အဆောက်အအုံနေရာတွေမှာလည်း အပြာရောင်ကမ္ပည်းပြားတွေ ဆက်လက်တပ်ဆင် လျက်ရှိပါတယ်။ အပြာရောင်ကမ္ပည်းပြား တွေတပ်ဆင်ပြီးပါက ထိုအဆောက်အအုံကို အများပြည်သူအတွက် အသုံးပြုရမည်ဖြစ်ပြီး ထိုအဆောက်အအုံကို အကြောင်းမဲ့ဖြိုချခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းများ ပြုလုပ်၍ မရတော့ကြောင်း သိရပါတယ်။ အများပြည်သူ အလွယ်တကူလေ့လာနိုင်မယ့်နေရာတွေမှာ တပ်ဆင်ထားတဲ့ ကမ္ပည်းပြားတွေကတစ်ဆင့် အမွေအနှစ်များရဲ့ သမိုင်း ရန်ကုန်မြို့ရဲ့သမိုင်းကို အသက်အရွယ်မရွေး နယ်ပယ်စုံကပြည်သူများ လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ။
“ဒီမြို့ပြအမွေအနှစ်တွေကို ထဲထဲဝင်ဝင် သိချင်တယ်၊ ဒါကြောင့် YHT ရဲ့ Walking Group အစီအစဉ်မှာ လိုက်ပါခြင်းဖြစ်ပါတယ်။ အရင်တုန်းက ကိုလိုနီခေတ်မှာရှိခဲ့တဲ့ အဆောက်အအုံတွေ အကြောင်းကိုလည်း ထဲထဲဝင်ဝင် သိရတယ်။ အဆောက်အအုံတွေရဲ့ ပြောင်းလဲလာပုံအဆင့်ဆင့်ကိုလည်း သိရတယ်” လို့ YHT ရဲ့ Walking Group အစီအစဉ် မှာ လိုက်ပါလာတဲ့ မသဇင်ငြိမ်းက ပြောပြ ပါတယ်။
YHT အနေနဲ့ ရှေးဟောင်းမြို့ပြအမွေ အနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ စာရင်းပြုစုခြင်း၊ အပြာရောင်ကမ္ပည်းပြား တပ်ဆင်ခြင်း YHT ရဲ့ Walking Group အစီအစဉ်တွေ ဖော်ဆောင်ခြင်း၊ လူထုအသိ | ပညာပေးခြင်း၊ စနစ်တကျထိန်းသိမ်းစောင့်ရှောက်ခြင်း နည်းလမ်းမျိုးစုံနဲ့ ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ YHT က မြို့တွင်းလမ်းလျှောက်လေ့လာရေးခရီးစဉ်တွေ စီစဉ်ပေးနေတာကို စိတ်ပါဝင်စားသူ များပြားပြီး အထူးသဖြင့် လူငယ်တွေ စိတ်ဝင်တစားလိုက်ပါလေ့လာလျက်ရှိပါတယ်။ အမွေအနှစ်စောင့်ရှောက်ရေး ပူးပေါင်းပါဝင် “ခေတ်မီဖွံ့ဖြိုးတဲ့ မြို့တစ်မြို့မှာ အမွေအနှစ် အဆောက်အအုံတွေအနေနဲ့ ဘယ်လို အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်။ ဒါကို ကျွန်တော်တို့ ရှင်းပြရတယ်။ အများပြည်သူတွေပိုပြီး သိရှိလာတဲ့အတွက် ဒီလို အမွေအနှစ်တွေ ထိန်းသိမ်းစောင့်ရှောက်ရေးမှာ ပိုမိုပြီးတော့ ပူးပေါင်းပါဝင်လာမယ်လို့ ကျွန်တော်တို့က မျှော်လင့်ထားပါတယ်” ဟု YHT ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုသူရိန်အောင်က ပြောပါတယ်။
ရန်ကုန်မြို့ပြအမွေအနှစ် အဆောက်အအုံတွေကို ပြန်လည်ပြင်ဆင်ပြီး အသုံးပြုတဲ့နေရာမှာ မူလလက်ရာကို တတ်နိုင်သမျှ ပြန်လည်ထိန်းသိမ်းပြီး ယနေ့ခေတ်အသုံးပြုမှု ပုံစံတွေအတိုင်း လျော်ညီစွာ ပြင်ဆင်နိုင် ရေးအတွက် အကြံဉာဏ်တွေ၊ နည်းပညာ တွေကူညီမှုများပေးလျက်ရှိပါတယ်။ အမွေအနှစ်အဆောက်အအုံတွေကို ပြန်လည်ပြုပြင် ထိန်းသိမ်းတဲ့နေရာမှာ လုပ်သားတွေအတွက် လိုအပ်တဲ့ အတတ်ပညာတွေကိုလည်း သင်တန်းတိုများ စီစဉ်ပေးပြီး လေ့ကျင့် သင်ကြားပေးလျက်ရှိပါတယ်။
“ကမ်းနားလမ်းတစ်လျှောက် အနား တစ်ဝိုက်မှာဆိုရင် ကိုလိုနီခေတ်က အမွေအနှစ်၊ ခမ်းနားကြီးကျယ်တဲ့ အဆောက်အအုံတွေ စုပြုံပြီးတော့ တည်ရှိနေပါတယ်။ ဒါဟာ အရှေ့တောင်အာရှမှာကြည့်မယ်ဆိုရင် အင်မတန်ရှားပါးတဲ့ အမွေအနှစ်အဆောက် အအုံတွေ စုပြုံနေတဲ့နေရာဖြစ်ပြီး ရန်ကုန်မြို့မှာ တွေ့ရှိရတာဖြစ်ပါတယ်” လို့ ရန်ကုန် မြို့နေ ပြည်သူတစ်ဦးဖြစ်တဲ့ ဒေါ်စုစုတင်က ပြောပါတယ်။
၂၀၁၉ ဩဂုတ် ၄ ရက်က ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဘဏ်လမ်းမှာရှိတဲ့ Rosewood Yangon o Szacao အအုံကို၃၁ ခုမြောက် အပြာရောင်ကမ္ပည်းပြား တပ်ဆင်ခဲ့ပြီး ဖြစ်ပါတယ်။ ထိန်းသိမ်းစောင့်ရှောက်ရမယ့် ရှေးဟောင်းမြို့ပြအမွေ အနှစ် အဆောက်အအုံအဖြစ် တစ်ခုပြီးတစ်ခုသတ်မှတ်နေတာဖြစ်ကာ ပြည်သူများကလည်း ဝိုင်းဝန်းအလေးထား ပူးပေါင်းဆောင်ရွက် ထိန်းသိမ်းစောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။
သမိုင်းဝင်အဆောက်အအုံ အများဆုံးရှိ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ (YHT) ရဲ့ မှတ်တမ်းအရ ရန်ကုန်မြို့လယ်ရှိ ဘာသာရေးဆိုင်ရာ အဆောက်အအုံမျိုးပေါင်းစုံလင်မှုဟာ အမေရိကန်နိုင်ငံ နယူးယောက်မြို့နဲ့ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တို့ထက်သာလွန်တယ်လို့ ဆိုထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဗိသုကာလက်ရာနဲ့ သမိုင်းဝင်တန်ဖိုးရှိတဲ့ အဆောက်အုံပေါင်း ၂၀၀ ခန့်ရှိပြီး အရှေ့တောင်အာရှမှာ ရန်ကုန်မြို့ဟာ သမိုင်းဝင်အဆောက်အအုံ အများဆုံးရှိကြောင်း သိရပါတယ်။
ဒီလိုတန်ဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်တွေကို မယိုယွင်း မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရင်း ရန်ကုန်မြို့ရဲ့ တိုးတက်ဖွံ့ဖြိုးမှုအပေါ် သမိုင်းတန်ဖိုးကြီးမားတဲ့ အမွေအနှစ်အဆောက်အအုံတွေရဲ့ ခံ့ထည် မှုပုံရိပ်တွေက ပိုမိုလေးနက်အောင် ဖော်ဆောင်ပေးမှာဖြစ်တဲ့အတွက် ပြည်သူတွေက ဝိုင်းဝန်း ထိန်းသိမ်းပေးရမှာပဲ ဖြစ်ပါတယ်။ ။
ဆွေဦးဝေ ၊ ဓာတ်ပုံ-စန်းယု(ဓနအောင်)