ညောင်ဦး ၁၀  ဇန်နဝါရီ 

 

မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့ မြင်းကပါတွင် ဒုတိယကမ္ဘာစစ်လက်ကျန် စိန်ပြောင်းပစ်ဗုံးတစ်လုံးကို ဇန်နဝါရီလ ၁၀ ရက်နေ့  နံနက် ၁၁ နာရီအချိန်က တွေ့ရှိခဲ့သည်။

 

19

 

ပုဂံမြို့ မြင်းကပါကွက်သစ်ရပ် ဝိုင်းအမှတ်(၇၃)နေ ဦးဝင်းမျိုး ၏ နေအိမ်ဝန်းအတွင်း အိမ်ဆောက်ရန် လိုင်းကျင်းတူးဖော်စဉ် မြေထဲစိုက်ဝင်လျှက်ရှိသော ဒုတိယကမ္ဘာစစ်လက်ကျန် လုံးပတ်(၁၀)လက်မခန့်၊ အရှည်(၁၅)လက်မခန့်ရှိ ဒလက်ပါ 81 အမျိုးအစားစိန်ပြောင်းပစ် ဗုံးသီးတစ်လုံးတွေ့ရှိခဲ့သည်။ 

 

အဆိုပါစစ်ကျန်ဗုံးတွေ့ရှိမှုကို ခမရ (၄၁၅)တပ်ရင်းမှ ဗိုလ်ကြီးနေဦးမောင်နှင့်အဖွဲ့များ၊ ပုဂံနယ်မြေရဲစခန်းမှ ရဲအုပ်ခင်မောင်ဦးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပြီး နံနက် ၁၁ အချိန်တွင် ခမရ(၄၁၅)တပ်သို့  သယ်ယူသွားခဲ့ကြောင်း သိရသည်။

 

ဖေလိန်း(ညောင်ဦး)