ရေး  ၁၀ ဇန်နဝါရီ

 

မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့ ကုလားကုတ်ကျေးရွာအုပ်စုအောက်ဆိပ်ကျေးရွာတွင် ဇန်နဝါရီ ၈ ရက်က လေပြင်းတိုက်ခတ်ခံရသည့် လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ နှင့် ထောက်ပံ့ငွေများ ပြန်လည်ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မွန်အမျိုးသားပညာရေးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

 

256

 

အခမ်းအနားတွင် မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြနီအသင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် လူမှုရေးအသင်းအဖွဲ့များက လေဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

(မြို့နယ်၊ ပြန်/ဆက်)

 

257