၁၀  ဒီဇင်ဘာ

နိဒါန်း

ယခုတလော ICJ သည် မြန်မာလူထုအကြား စိတ်ဝင်စားမှု၊ အာရုံစူးစိုက်မှုအများဆုံး ကိစ္စတစ်ရပ်ဖြစ်ကြောင်း အားလုံးသိပြီးဖြစ်ပါသည်။ ထို့အတူ စာပေရေးသားထုတ်ဝေသူများ၊ ဥပဒေသုတေသီများ၊ အခြားစိတ်ဝင်စား သူများသည်လည်း မိမိတို့ပညာ၊ လေ့လာဖတ်ရှုမှု၊ ကိုယ်ပိုင်အတွေးအခေါ်၊ အသိတရားများဖြင့် ပုဂ္ဂလိက သတင်းစာ၊ သတင်းဂျာနယ် စာစောင်အမြောက်အမြားတွင် ရေးသားခြင်း၊ သတင်းဌာနများနှင့် အင်တာဗျူး မျိုးစုံပြုလုပ်ခြင်း၊ စကားဝိုင်းဖွဲ့ ဆွေးနွေးခြင်း၊ ICJ နှင့် သက်ဆိုင်သော သိမှတ်ဖွယ်ရာ ဗဟုသုတမျိုးစုံကို ရေးသားနေခြင်းသည်လည်း အားရဖွယ်ဖြစ်ပါသည်။

မြန်မာနိုင်ငံအတွက်အရေးကြီးသော နိုင်ငံ၏အရေး အရာကိစ္စဖြစ်သည့်အပြင် နိုင်ငံ၏အကျိုးစီးပွားနှင့် သက်ဆိုင်နေခြင်းကြောင့် နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်၊ စိုးရိမ်ပူပန်စိတ်ဖြင့် စေတနာထား၍ အပြုသဘောဆောင်သည့် ရေးသားမှုများ၊ ပြောဆိုမှုများပြုလုပ်နေကြသကဲ့သို့ တစ်ဖက်တွင်လည်း ဤအရေးအပေါ် အမှီပြု၍ နိုင်ငံရေးရည်မှန်းချက်များ၊ နိုင်ငံတော်အစိုးရအပေါ် အထင်အမြင်လွဲမှားစေမည့် ဦးတည်ချက်များ၊ အစိုးရအပေါ် ထိုးနှက်မှုများကိုလည်း သတိပြုမိကြမည် ဖြစ်ပါသည်။ စာစောင်၊ သတင်းဂျာနယ်နှင့် Social media တို့တွင် အပြုသဘောဆောင်သော အကောင်းမြင်သာ လှုပ်ရှားမှုများအပြင် အမြင်မကြည်လင်သော ဝေဖန်ပြောဆိုမှုများဖြင့် ပြည့်နှက်နေသည့် အချိန်ကာလဟု ဆိုရပါမည်။

ထောက်ခံအားပေး

မည်သို့ပင်ဖြစ်စေ ICJ သို့ မြန်မာဘက်က သွားရောက်ရင်ဆိုင်မည့်ကိစ္စကိုမူ မြန်မာနိုင်ငံသားအများစုတို့ စိတ်ဝင်တစားဖြစ်နေမှုကိုမူ ကြိုဆိုရမည် ဖြစ်သကဲ့သို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးကိုယ်တိုင် ဦးဆောင်သွားရောက်မည့်အပေါ် နိုင်ငံသားအများစုတို့၏ ထောက်ခံအားပေးမှုများကိုလည်း တွေ့မြင်၊ ကြားသိ၊ ဖတ်ရှုနေရပါသည်။ ။

စာရေးသူကိုယ်တိုင်လည်း ဥပဒေသမားတစ်ယောက်ဖြစ်ပြီး အထူးသဖြင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် ပင်လယ် နယ်နိမိတ် သတ်မှတ်ရေးအငြင်းပွားမှုကို ကုလသမဂ္ဂ ပင်လယ်ဥပဒေဆိုင်ရာခုံရုံး {International Tribunal for the Law of the Sea)တွင် ဖြေရှင်းခဲ့ကြစဉ်က မြန်မာနိုင်ငံ၏ လက်ထောက်ကိုယ်စားလှယ် (Co-Agent)အဖြစ် (ထိုစဉ်က နိုင်ငံ၏ကိုယ်စားလှယ် (Agent) ဖြစ်သော) ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင် ဦးဆောင်သည့် အဖွဲ့တွင်ပါဝင်ခဲ့သော အတွေ့အကြုံအပေါ် အခြေခံ၍လည်းကောင်း၊ ICJ အကြောင်း မိမိဖတ်ရှုလေ့လာထားသမျှ မိမိသိထားသမျှ ဗဟုသုတကိုမျှဝေလိုသော စိတ်ဆန္ဒအရလည်းကောင်း ဤဆောင်းပါးကို ရေးသားဖြစ်ပါသည်။ ။

စာရေးသူသည် ယခုဘာသာရပ်တွင် ကျွမ်းကျင်သူ၊ အထူးပြုလေ့လာထားသူ၊ သုတေသီတစ်ဦး မဟုတ်ဘဲ စိတ်ဝင်စား၍ မိမိဖတ်ရှုလေ့လာထားသမျှ အပိုင်းလောက်ကိုသာ ကွက်၍ အချိန်တိုအတွင်း ကြိုးပမ်းရေးသားခြင်း ဖြစ်သောကြောင့် မပြည့်စုံမှုလိုအပ်မှု၊ အားနည်းမှုများရှိနေမည်ဖြစ်ပါသည်။ သို့သော် စေတနာအရင်းခံဖြင့် မိမိဖတ်ဖူး၊ မှတ်ဖူး၊ တွေ့ကြုံဖူးသော အတွေ့အကြုံအပေါ် အရင်းတည်ရေးသားခြင်းသာ ဖြစ်ကြောင်းကို စာဖတ်သူများ နားလည်ပေးစေလိုပါ ကြောင်း ပဏာမရေးသားလိုပါသည်။

 

ICJ statute ဥပဒေနှင့် လုပ်ထုံးလုပ်နည်းပါ အချက်အချို့ အား ကောက်နုတ်ဖော်ပြခြင်း

အပြည်ပြည်ဆိုင်ရာ တရားရုံး (International Court of Justice- ICJ) သည် ကုလသမဂ္ဂပဋိညာဉ် စာတမ်း (UN Charter) အရ ဖွဲ့စည်းထားသော ကုလသမဂ္ဂ၏ အဓိကတရားစီရင်ရေး အဖွဲ့အစည်း (Principle | Judicial Organ of the United Nations) တစ်ရပ်ဖြစ်ပြီး ICJ ဟုပင် အတိုကောက်သုံးစွဲကြပါသည်။ ။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ကုလသမဂ္ဂပဋိညာဉ်စာတမ်း ပြဋ္ဌာန်းချက်အရ အပြည်ပြည်ဆိုင်ရာ တရားရုံး၏ အဖွဲ့ဝင်နိုင်ငံအဖြစ် အလိုအလျောက် ရောက်ရှိပါသည်။ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံကတင်သွင်းသည့် အငြင်းပွားမှုများကို စီရင်ပိုင်ခွင့်အာဏာ ICJ တွင် ရှိပါသည်။

ICJ လုပ်ငန်းတာဝန်ကိုယင်း၏ဥပဒေ (Statute)နှင့်အညီ ဆောင်ရွက်ရပြီး ဥပဒေတွင် တရားရုံးဖွဲ့စည်းပုံ၊ တရားရုံး၏လုပ်ပိုင်ခွင့် (Competence of the Court) နှင့် လုပ်ထုံးလုပ်နည်းများ၊ အကြံပေးသည့် အခန်းကဏ္ဍနှင့် ပြင်ဆင်ခြင်းကဏ္ဍများကို သတ်မှတ်ထားပါသည်။

ICJ ၏ စီရင်ပိုင်ခွင့်ကို လေ့လာလျှင် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်မှုများ အတွက် စီရင်ပိုင်ခွင့်ရှိသကဲ့သို့ အငြင်းပွားနိုင်ငံများက လက်မှတ်ရေးထိုး၊ အပြီးသတ်အတည်ပြုထားသော အာဏာတည်ဆဲစာချုပ်များ (treaties)၊ သက်ဆိုင်ရာနိုင်ငံများက လက်မှတ်ရေးထိုး အတည်ပြုထားသော ကွန်ဗင်းရှင်းတွင်ပါဝင်သည့် ပြဋ္ဌာန်းချက်ကို ချိုးဖောက်မှုနှင့်စပ်လျဉ်းသည့် အငြင်းပွားမှုများ {Legal Disputes) ကိုလည်း ဆုံးဖြတ်ခွင့်ရှိပါသည်။

ထို့အပြင် (က) စာချုပ်တစ်ရပ်အပေါ် အဓိပ္ပာယ်ဖွင့်ဆို ပေးရန် တင်သွင်းခြင်း၊ (ခ) အပြည်ပြည်ဆိုင်ရာဥပဒေအရ ပေါ်ပေါက်လာသော ပြဿနာ {any question of International Law)(ဂ) နိုင်ငံတကာတာဝန်ရှိမှုကို

ချိုးဖောက်ခြင်း (breach of an international obligation) အစရှိသော ကိစ္စရပ်များတွင် စီရင်ပိုင်ခွင့် အခွင့်အာဏာကျင့်သုံးနိုင်ကြောင်း ICJ ၏ ဥပဒေက အပ်နှင်းထားပါသည်။ အဓိကအားဖြင့် နိုင်ငံများအကြား အငြင်းပွားမှုများကို ဆုံးဖြတ်ပိုင်ခွင့်ရှိပြီး ယင်းသို့ အငြင်းပွားမှုဖြေရှင်းပေးရန် တောင်းဆိုမှုအပေါ် ICJ က စီရင်ပိုင်ခွင့် ရှိ၊ မရှိ ဆိုသောအချက်ကို အငြင်းပွားမှုdispute) ဖြစ်လာလျှင်မူ ယင်းအငြင်းပွားမှုအပေါ် ICJ တရားရုံး၏ ဆုံးဖြတ်ချက်နှင့် ရှင်းရမည်ဖြစ်ကြောင်း ဥပဒေ {Statute)က သတ်မှတ်ထားပါသည်။ ။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်းသည်။ ဥပဒေ(statute) အဖွဲ့ဝင်များဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကတင်ပြသော အမှုအားလုံး {all case) အပေါ်  ICJ က စီရင်ပိုင်ခွင့်ရှိပါ သည်။ ICJ ၏ စီရင်ပိုင်ခွင့်ကိုအလိုအလျောက် အသိအမှတ်ပြုကြောင်း မည်သည့်အချိန်တွင်ဖြစ်စေ ကြေညာချက်(declare) ထုတ်ပြန်နိုင်ပါသည်။ စည်းကမ်းကန့်သတ်ချက်မထားဘဲ (unconditionally) ကြေညာနိုင်သကဲ့သို့ နှစ်ဖက် အပြန်အလှန် သဘောတူသော စည်းကမ်းသတ်မှတ်ချက် (condition of reciprocity) (yệcops: conságadopsi ထို့အတူ နှစ်နိုင်ငံသဘောတူညီချက်နှင့် သတ်မှတ်သည့် အချိန်ကာလအပိုင်းအခြားတစ်ခုအတွက် ICJ ၏ စီရင်ပိုင်ခွင့်ကို အသိအမှတ်ပြုနိုင်ပြီး ဤကြေညာချက်များကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံ အပ်နှံရန် {deposit) သတ်မှတ်ထားပါသည်။

ICJ ၏လုပ်ငန်းတာဝန်အရ အပြည်ပြည်ဆိုင်ရာဥပဒေအပေါ် အခြေပြုဆုံးဖြတ်ရမည်ဖြစ်ခြင်းကြောင့် ICJ က အခြေခံရမည့်အချက်များကို အောက်ပါအတိုင်း ဖော်ပြထားပါသည် -

  • အထွေထွေ သို့မဟုတ်သီးခြားဘာသာရပ်ဆိုင်ရာ နိုင်ငံတကာကွန်ဗင်းရှင်းများ၊ အငြင်းပွားနိုင်ငံများက အတိအလင်း လက်ခံအသိအမှတ်ပြုသော စည်းမျဉ်းများ၊
  • နိုင်ငံများက ယေဘုယျအားဖြင့် ဥပဒေသဖွယ် အသိအမှတ်ပြုကျင့်သုံးသော နိုင်ငံတကာ ဓလေ့ထုံးစံများ (international custom)
  • ယဉ်ကျေးသောနိုင်ငံများက အသိအမှတ်ပြုထားသောဥပဒေ၏ အထွေထွေ “မူ” သဘောတရား များ{general principles)
  • တရားဥပဒေစိုးမိုးရေးအငြင်းပွားမှုများကို ဆုံးဖြတ်ရတွင် အထောက်အပံ့ဖြစ်စေမည့် နည်းလမ်းများ အဖြစ် စံနမူနာပြုထိုက်သော၊ ထုံးပြုထားသော တရားရုံးများ၏ ဆုံးဖြတ်ချက်များ {judicial decisions)၊ မတူကွဲပြားသောနိုင်ငံများရှိ အရည်အချင်းအမြင့်မားဆုံး ဥပဒေပညာရှင်များ၏ လေ့လာတွေ့ရှိချက် သဘောတရားများ၊ ဤသို့ကျင့်သုံးရာတွင် ICJ ၏ ဆုံးဖြတ်ချက်သည် သက်ဆိုင်ရာအသည်နိုင်ငံများနှင့် ယင်းဆုံးဖြတ်ချက် ချမှတ်ခဲ့သော သီးခြားအမှုတစ်ခုတည်း အတွက်သာလျှင် စည်းနှောင်မှုစွမ်းအား ရှိပါသည်။)

 

ICJ ၏ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များအနက် သိသင့်သိထိုက်သော အချက်အချို့ကို အကျဉ်းချုပ်ဖြင့် ကောက်နုတ်တင်ပြရလျှင် (က)အငြင်းပွားနိုင်ငံအကြား အထူးသဘောတူစာချုပ် ချုပ်ဆိုခြင်းဖြင့် ICU ထံ တင်ပြ နိုင်သကဲ့သို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက ICJ ၏ မှတ်ပုံတင်အရာရှိထံ လိပ်မူပြီး စာဖြင့်လျှောက်ထား (written application) နိုင်ပါသည်။ (ခ)ဤအကြောင်းကြား ချက်လက်ခံရရှိလျှင် မှတ်ပုံတင်အရာရှိက သက်ဆိုင်ရာနိုင်ငံများသို့ ဆက်လက်အကြောင်းကြားရမည် ဖြစ်ပါသည်။ ထိုအခါ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကတစ်ဆင့် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးကို အကြောင်းကြားရန် လိုအပ်ပါသည်။ ထို့အတူ ရုံးရှေ့မှောက်သို့လာရောက်ပိုင်ခွင့် (entitled) ရှိသည်ဟု ယူဆသောနိုင်ငံကိုလည်း အကြောင်းကြားနိုင်ပါသည်။ (ဂ) အငြင်းပွားနိုင်ငံများအတွက် နိုင်ငံကိုယ်စားပြုဆောင်ရွက်မည့် ကိုယ်စားလှယ်များ (Agents)အား နှစ်ဖက်စလုံးက ခန့်ထားရန်လိုပါသည်။ နိုင်ငံ၏ကိုယ်စားလှယ်အား ယင်းတို့ရမ်းသော ရှေ့နေများက အထောက်အပံ့ပေးရန် ဖြစ်ပါသည်။ ထို့အတူ နိုင်ငံကို ကိုယ်စားပြုဆောင်ရွက်သော ကိုယ်စားလှယ် (Agents)၊ ရှေ့နေများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို လွတ်လပ်စွာထမ်းဆောင်နိုင်ရန်အတွက် အမှုရင်ဆိုင်ချိန်ကာလနှင့် အပြီးသတ်ဆုံးဖြတ်ချိန် ကာလတစ်လျှောက်လုံး အခွင့်အရေးနှင့် ကင်းလွတ်ခွင့် (privileges and immunities) များကို ခံစားခွင့်ပေးထားပါသည်။

တရားရုံး၏ လုပ်ထုံးလုပ်နည်းတွင် စာဖြင့်တင်ပြသော အပိုင်းနှင့် နှုတ်ဖြင့်တင်သွင်းသော အပိုင်းဟူ၍ နှစ်ပိုင်း သတ်မှတ်ထားပါသည်။ စာဖြင့်တင်သွင်းသော (အပိုင်း (written proceedings)တွင် ရားစွဲဆိုသောနိုင်ငံက အဆိုပြုလွှာကို ဦးစွာတင်ရပြီး တရားစွဲခံရသောနိုင်ငံက တုံ့ပြန်အဆိုပြုလွှာတင်ရမည် ဖြစ်ပါသည်။ ဤသို့ တင်ပြရာတွင် အထောက်အကူပြုမည့် စာရွက်စာတမ်း၊ အထောက်အထားများပါရှိရန် သတ်မှတ်ထားပါသည်။

နှစ်ကာလများစွာ ကြာမြင့်ဦးမည်

တရားရုံးက အဆုံးအဖြတ်ပေးရန် မူလတင်ပြသော တောင်းဆိုချက်ကို မူလတင်သွင်းသောအမှု (original case) ဟု ခေါ်ဆိုပြီး ဤအမှုအပေါ် ဆုံးဖြတ်ချက် ချမှတ်ရန် နှစ်ကာလများစွာ ကြာမြင့်ဦးမည်ဖြစ်ပါသည်။ တရားရုံးများသည် ယင်းတို့ထံ တင်သွင်းလာသော မူလအမှုကို မစဉ်းစားမီ ဤမူလအမှုနှင့်ဆက်စပ်၍ ကြားဖြတ်အရေးယူဆောင်ရွက်မှု တစ်ရပ်ရပ်ကို ချမှတ်ပေးရန် တောင်းဆိုမှုများကိုလည်း ကြုံတွေ့ရလေ့ ရှိကြသည်။ ဤအခါတွင် ကြားဖြတ်အမိန့်တစ်ရပ်ရပ် ချမှတ်ခြင်း၊ မချမှတ်ခြင်းကိစ္စကို တရားရုံးများက စဉ်းစားရာတွင်(prima facie) ဟုခေါ်ဆိုသော တရားရုံးသို့ တင်ပြလာသည့်အချက်များအပေါ်တွင် အပေါ်ယံ အမြင်အားဖြင့် ဖြစ်နိုင်ဖွယ်ရှိ၊ မရှိဆိုသည်ကို စဉ်းစားသုံးသပ်သည့် ကနဦး ထင်မြင်ချက်အား ထည့်သွင်းစဉ်းစားကြပါသည်။ ပိုမိုရှင်းလင်းအောင်ဖော်ပြရပါလျှင် အငြင်းပွားသူ တစ်ဖက်ဖက်က တင်ပြသော အချက်အလက်များကို အသေးစိတ် စစ်ဆေးကြည့်ရှုခြင်း၊ ငြင်းပယ်ခြင်း စသည့် တရားရေးလုပ်ငန်းစဉ်များ မစတင်မီ တရားရုံးရှေ့မှောက်သို့  တင်သွင်းထားသော အကြောင်းခြင်းရာ အချက်အလက်အပေါ် မူတည်၍ ကြားဖြတ်အမိန့်ချမှတ်ရန် သင့်၊ မသင့် ဟူသော ကနဦး ထင်မြင်ယူဆချက်ပင် ဖြစ်ပါသည်။ မူလတင်သွင်းသော အမှုကို ရားရုံးက လက်ခံပြီးနောက် ပထမဦးစွာ စာဖြင့်တင်သွင်းသော အပိုင်းစတင်မည် ဖြစ်ပါသည်။ ဤအခါ တရားစွဲဆိုသောနိုင်ငံက ရုံးတော်သို့ အဆိုလွှာတင်သွင်းခြင်း၊ ဤအဆိုလွှာအပေါ် တရားစွဲဆိုခြင်းခံရသော နိုင်ငံက တုံ့ပြန်လွှာတင်သွင်းခြင်း၊ နှစ်ဖက်အချေလွှာ၊ တုံ့ပြန်ဖြေရှင်းလွှာများ အပြန်အလှန် တင်သွင်းခြင်း၊ လိုအပ်သော အထောက်အကူပြု စာရွက်စာတမ်းများ၊ အထောက်အထားများနှင့်အတူ တင်ပြခြင်းတို့ ဖြစ်ပါသည်။ ။

တရားရေးလုပ်ငန်းစဉ်များ

ထို့နောက် နှုတ်ဖြင့်တင်သွင်းခြင်း (oral proceeding) အပိုင်းကို စတင်ကြားရမည် (hearing) ဖြစ်ပြီး နှစ်ဖက် အပြန်အလှန်လျှောက်ထားခြင်း၊ သက်သေအထောက်အထားများ စစ်ဆေးခြင်း၊ သက်သေထွက်ဆိုချက်များ ရယူခြင်း၊ မျက်မြင်သက်သေခေါ်ယူရန် လိုအပ်သည်ဟု တရားရုံးကယူဆလျှင် သို့မဟုတ် အမှုသည်က ခေါ်ယူပေးရန်တောင်းဆိုလျှင် ခေါ်ယူခြင်း၊ အမှုကြားနာခြင်းမပြုမီ၊ သို့မဟုတ်ကြား နာနေဆဲကာလအတွင်း တရားသူကြီးများက သိရှိလိုသောအချက်များ(points) သို့မဟုတ် ပြဿနာများ(issues)ကို ထုတ်ဖော်ပြောကြားရန် တောင်းဆိုပါက ပြောကြားရန်လိုခြင်း၊ တရားရုံးကတင်ပြသော လူသက်သေ၊ စာရွက် စာတမ်းသက်သေများ၏ မှန်ကန်မှုကို စစ်ဆေးရန် လိုအပ်သည်ဟု ယူဆလျှင် သို့မဟုတ် အမှုသည်က တောင်းဆိုလျှင် ကျွမ်းကျင်သူ (experts) များကို တရားရုံးရှေ့သို့ ခေါ်ယူ၍ အတည်ပြုချက်ရယူခြင်း စသည့် တရားရေးလုပ်ငန်းစဉ်များ (judicial proceedings) ရှိပါသည်။

အထူးသဖြင့် အချုပ်အခြာအာဏာပိုင်သော နိုင်ငံများနှင့်သက်ဆိုင်သော အငြင်းပွားမှုဖြစ်လျှင် တရားသူကြီးများသည် နှစ်နှင့်ချီ၍ အချိန်ကာလကြာမြင့်စွာ စဉ်းစားသုံးသပ်ကြရပါသည်။ ယင်းတို့၏ မြင့်မားသော အရည်အချင်း၊ ကောင်းမြတ်သော ဂုဏ်သတင်းနှင့် ပညာရှင်ပီသသော အရည်အသွေးများအပေါ် မူတည်၍ ဘက်လိုက်မှုကင်းရှင်းသည့်၊ တရားမျှတမှုကို ဖော်ဆောင်နိုင်သည့် စစ်ဆေးခြင်း၊ ဆုံးဖြတ်ခြင်းများ ပြုလုပ်နိုင်ရန် လိုအပ်သောတရားရေးဆိုင်ရာ လုပ်ဆောင်ချက်မှန်သမျှကို ဘက်ပေါင်းစုံနှစ်နှင့်ချီ၍ အချိန်ယူပြီး ဆောင်ရွက်ကြရပါသည်။

ကြားဖြတ် သို့မဟုတ် ယာယီတားဆီးဆောင်ရွက်ချက် ape (Provisional Measuers) alposcorge ဂမ်ဘီယာနိုင်ငံက လျှောက်ထားခြင်း

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ICJ ၌ စွဲဆိုထားသော မူလကိစ္စမှာ မြန်မာနိုင်ငံ၏ ၁၉၄၈ ခုနှစ်၊ လူမျိုးပြုန်းတီးမှုကို တားဆီးရေးနှင့်ပြစ်ဒဏ်ပေးရေး နိုင်ငံတကာစာချုပ်ကို ချိုးဖောက်ကြောင်း စွပ်စွဲချက်ကို အကြောင်းပြုခြင်းဖြစ်ပါသည်။ အဓိကတင်ပြချက်မှာ လူမျိုးပြုန်းတီးစေသည့်လုပ်ရပ်များတွင် ပူးပေါင်းပါဝင်ခြင်း၊ ကြံစည်ခြင်း၊ ညွှန်ကြားခြင်း၊ ကြိုးပမ်းအားထုတ်ခြင်း ပြစ်မှုများနှင့်စပ်လျဉ်း၍ အပြစ်ပေးရန် ပျက်ကွက်မှုဖြင့်လည်းကောင်း၊ ပြည်တွင်းဥပဒေပြဌာန်း၍ အပြစ် ကျူးလွန်သူများကိုထိရောက်သောပြစ်ဒဏ်များ ချမှတ်ရန် ပျက်ကွက်မှုများဖြင့်လည်းကောင်း မြန်မာနိုင်ငံသည် ယင်းစာချုပ်ပါ တာဝန်များကိုဖောက်ဖျက်ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံးက ကြေညာပေးရန် တောင်းဆိုခြင်းဖြစ်ပါသည်။

 

သို့သော် အထက်တွင် ရေးသားတင်ပြသည့် ရားရေးလုပ်ငန်းစဉ်များအရ မူလစွဲဆိုသောအမှုကို ကြားနာဆုံးဖြတ်ရန် နှစ်ပေါင်းများစွာ အချိန်ယူရဦးမည်ဖြစ်ခြင်းကြောင့် ဂမ်ဘီယာနိုင်ငံက ကြားဖြတ် သို့မဟုတ် ယာယီ တားဆီးဆောင်ရွက်ချက်များ (provisional measures)ကို ကနဦး ပြုလုပ်ပေးရေးအတွက် အမိန့်ချမှတ်ပေးပါရန် ICJ ဥပဒေပြဋ္ဌာန်းချက် အားကိုးကား၍ ကြားဖြတ်တောင်းဆိုခြင်းဖြစ်ပါသည်။

ဂမ်ဘီယာနိုင်ငံ၏ တောင်းဆိုချက်အပေါ် အကျဉ်းချုပ်အားဖြင့် ထုတ်နုတ်ရေးသားရလျှင် (က)သတ်ဖြတ်မှု၊ ခန္ဓာကိုယ် ထိပါးနှိပ်စက်မှု လိင်ပိုင်းဆိုင်ရာ အကြမ်းက်မှု၊ မီးရှို့ဖျက်ဆီးမှုနှင့် သက်သေအထောက်အထား ဖျက်ဆီးမှုများ မဖြစ်စေရန် (ခ) လက်ရှိ ရခိုင်ပြည်နယ်တွင် နေထိုင်သော အစ္စလာမ်ဘာသာဝင်လူမျိုးစုများအပေါ် လူမျိုးပြုန်းတီးစေမည့်ပြစ်မှုများ ဆက်လက်လုပ်ဆောင် ခြင်းမရှိစေရန်၊ (ဂ) လူမျိုးပြုန်းတီးစေမှု ကာကွယ် တားဆီးခြင်းနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာ နိုင်ငံတကာစာချုပ်က တားမြစ်ထားသည့်ကိစ္စများ ဆက်လက်မဖြစ် ပွားစေရန်၊ (ဃ) လက်ရှိ အငြင်းပွားမှုကို ပိုမိုဆိုးရွားစေ မည့် သို့မဟုတ်ကြီးထွားစေမည့် လုပ်ဆောင်ချက် တစ်စုံ တစ်ရာမျှ မပြုလုပ်စေရန်၊ (င)စာချုပ်နှင့်အညီလိုက်နာ အကောင်အထည်ဖော်ရမည့် ကတိကဝတ်များ အမြန်ဆုံး အကောင်အထည်ဖော်ပေးရန် တောင်းဆိုထားပါသည်။

အခြေခံအချက်အချို့

ဤကိစ္စနှင့်ဆက်စပ်၍ ICJ ၏ ဥပဒေပုဒ်မ ၄၁ ပါ ပြဋ္ဌာန်းချက်၏ အခြေခံအချက်အချို့ကို ထုတ်နုတ်ရေးသားရလျှင် တစ်ဖက်၏လျှောက်ထားချက်တွင် ပါဝင်သည့် အခြေအနေနှင့် အကြောင်းခြင်းရာ များကို ထောက်ချင့်၍ အငြင်းပွားမှုတင်သွင်းသည့် နိုင်ငံတစ်နိုင်ငံ၏ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ပေးရန် လိုအပ်ပါကဤကိစ္စအလို့ငှာ ယာယီတားဆီးသေခင် ရွက်ချက်များကို အမှုစွဲဆိုခြင်း ခံရသည့် နိုင်ငံဘက်မှ ဆောင်ရွက်ပေးရန် ဆုံးဖြတ်ပိုင်ခွင့်ရှိပါသည်။ တစ်နည်းအားဖြင့်ဆိုလျှင် ယာယီအရေးယူ ဆောင်ရွက်ရန်အတွက် တားဆီးမိန့်တစ်ရပ် ထုတ်ပြန်ပေးရန် နိုင်ငံတစ်နိုင်ငံက တောင်းဆိုလာပြီး ဤအမိန့်ထုတ်ပေးရန်လိုကြောင်း တရားရုံးက ထင်မြင်ယူဆလျှင် ထုတ်ပေးပိုင်ခွင့် အခွင့်အာဏာကို ICJ အား ယင်းဥပဒေက အပ်နှင်းထားပါသည်။ ဤအခွင့်အာဏာအရ တားဆီးမိန့်ချမှတ်လျှင် ချမှတ်သည့်နေ့မှ စတင်၍ (၄)လအတွင်း တားဆီးမိန့်ထုတ်ခံရသော နိုင်ငံက ယင်းတို့ ကြားဖြတ်အရေးယူဆောင်ရွက်ထားသော ကိစ္စများကို တရားရုံးသို့ အစီရင်ခံစာ တင်သွင်း ရန် ICJ ဥပဒေက သတ်မှတ်ထားပါသည်။

ဂမ်ဘီယာနိုင်ငံသည် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာတင်သွင်းသူ၊ အချက်အလက် ရှာဖွေရေးအဖွဲ့၊ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာ မင်းကြီးရုံးက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ပါရှိသော တစ်ဖက်နိုင်ငံသို့ ရောက်ရှိနေသည့် အစ္စလာမ်ဘာသာဝင်များနှင့် တွေ့ဆုံမေးမြန်းမှုများကို အခြေခံပြီး ယာယီ တားဆီးပေးသည့် အမိန့်ချက်ချင်းချမှတ်ပေးရန်နှင့် အရေးယူဆောင်ရွက်ချက်များကို မြန်မာဘက်က (၄)လအတွင်း တရားရုံးသို့ ပြန်လည်အစီရင်ခံရန် တောင်းဆိုခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ ။

အထူးသဖြင့် တစ်ဖက်နိုင်ငံတွင် မြန်မာနိုင်ငံမှ ထွက်ပြေးသွားသူ အမြောက်အမြားရှိနေခြင်း၊ ယင်းတို့အား စိစစ်၍ ပြန်လည်လက်ခံရန်ကိစ္စအပေါ် တစ်ဖက်နိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်မှုတွင် အပြည့်အဝ အောင်မြင်မှုမရှိသေးသည့် အခြေအနေများ၊ တစ်ဖက်နိုင်ငံတွင် ရောက်ရှိနေသူများအား တွေ့ဆုံမေးမြန်းချက်များကို အသားပေး တင်ပြမည်ဖြစ်ကြောင်း သုံးသပ်ယူဆပါသည်။

မှန်းဆနိုင်

မြန်မာနိုင်ငံဘက်က ဂမ်ဘီယာနိုင်ငံ၏ ယာယီတားမြစ်ချက်များပြုလုပ်ပေးရန် တောင်းဆိုချက်နှင့် စပ်လျဉ်း၍ ယာယီဆောင်ရွက်ချက်များချမှတ်၍ တားဆီးရမည့် အခြေအနေမျိုး မြန်မာနိုင်ငံတွင် မရှိကြောင်း၊ တားဆီးမိန့်ထုတ်ရန် အနေအထားမဟုတ်ကြောင်း၊ မြန်မာနိုင်ငံဘက်က ယင်းနိုင်ငံတွင် တားဆီးရေးအတွက် လုပ်ဆောင်ရန်ရှိသည့် ကိစ္စအားလုံးကို အပြည့်အ၀ လွတ်လပ်စွာ၊ မျှတစွာလုပ်ဆောင်နေကြကြောင်း၊ ဥပဒေ အချက်အလက်များဖြင့် ခိုင်မာစွာငြင်းဆိုရန်သာရှိမည် ဖြစ်ကြောင်း မှန်းဆနိုင်ပါသည်။

ကြားဖြတ် သို့မဟုတ် ယာယီအရေးယူ ဆောင်ရွက်ချက်များချမှတ်၍ တားဆီးပေးရန် ကနဦး တောင်းဆိုချက်သည် နိုင်ငံတကာတရားရုံး၊ ခုံရုံးများ၏သက်ဆိုင်ရာ စည်းမျဉ်းဥပဒေနှင့် သာမန်လုပ်ထုံး လုပ်နည်းများအရ လုပ်ဆောင်လေ့ရှိသော ကိစ္စရပ်သာဖြစ်ပါသည်။ တားမြစ် မိန့်တောင်းခံသည့် ကိစ္စ၏ သဘောသဘာဝအား အလွယ်တကူ ရှင်းလင်းရပါလျှင် မူလစွဲဆိုထားသော အမှုတစ်ခုလုံးအတွက် မှန်ခြင်း၊ မှားခြင်း၊ ဖောက်ဖျက်ခြင်း၊ မဖောက်ဖျက်ခြင်းကို အပြီးသတ် ဆုံးဖြတ်ခြင်းမဟုတ်ပါ။ င်းရှားသော သာဓကတစ်ရပ်ကို ထုတ်နုတ်တင်ပြရပါလျှင် ကုလသမဂ္ဂပင်လယ်ဥပဒေကွန်ဗင်းရှင်း (United Nations Convention on the Law of the Sea- UNCLOS) & နိုင်ငံတစ်နိုင်ငံ၏ သဘောများကို အခြားနိုင်ငံတစ်နိုင်ငံက အကြောင်းအမျိုးမျိုးကြောင် ဥပဒေနှင့်အညီ ဖမ်းဆီးသောကိ စ္စနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံ သို့မဟုတ် နှစ်နိုင်ငံ ထက်ပိုသော နိုင်ငံများအကြား အငြင်းပွားမှုဖြစ်ပြီး ပင်လယ်ဥပဒေဆိုင်ရာ နိုင်ငံတကာခုံရုံးသို့ တင်သွင်း အဆုံးအဖြတ်ခံယူလျှင် ဖမ်းဆီးခံသဘောအား မှတ်ပုံတင်ထားသော နိုင်ငံသည် ယင်းသင်္ဘောနှင့် လိုက်ပါလာသော သင်္ဘောသားများအား ဖမ်းဆီးထားခြင်းမှ အမြန်ဆုံးလွှတ်ပေးရန် (prompt release)အတွက် ခုံရုံးသို့ ယာယီ သို့မဟုတ် ကြားဖြတ်အမိန့်ချမှတ်ပေးရန် တောင်းဆိုနိုင်သည့် သဘောကဲ့သို့ဖြစ်ပါသည်။ ။

ကြားဖြတ်အမိန့် ချမှတ်နိုင်

အထက်ကဖော်ပြခဲ့သည့် သာဓကပါတောင်းဆိုချက်ကို ပင်လယ်ဥပဒေဆိုင်ရာ နိုင်ငံတကာခုံရုံးကအမှုတွင် ဖြစ်ပေါ်နေသော အကြောင်းခြင်းများအရ အငြင်းပွားမှုတွင်ပါဝင်သော နိုင်ငံများ၏ အခွင့်အရေးကို ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သည်ဟုယူဆလျှင်၊ ထို့အတူ အဆိုပါနိုင်ငံများ၏ အဏ္ဏဝါပတ်ဝန်းကျင် (marine environment) အား ဆိုးရွားစွာ ထိခိုက်စေမှုကို တားဆီးကာကွယ်ရန် သင့်လျော်သော ဆောင်ရွက်ချက်များ လုပ်ဆောင်ရန် လိုအပ်သည်ဟု ယူဆလျှင် တရားစွဲဆိုသော နိုင်ငံက တောင်းဆိုသည့်ယာယီ ဆောင်ရွက်ချက်များကို တရားစွဲဆိုခြင်းခံရသော နိုင်ငံက တားဆီးကာကွယ်ပေးရန်အတွက် ခုံရုံးက ကြားဖြတ်အမိန့်ချမှတ်နိုင်ကြောင်း ခွင့်ပြုထားပါသည်။ မူလစွဲဆိုထားသော သင်္ဘောနှင့် သက်ဆိုင်သောအမှုကို အပြီးသတ်မဆုံးဖြတ်မီ ကြားဖြတ်အမိန့်ချမှတ်ပေးရန် တင်သွင်းခြင်းဖြစ်ပါသည်။ ကြားဖြတ်အမိန့်ချမှတ်ခဲ့လျှင် ဤအမိန့်ကို ချက်ချင်းအရေး ယူဆောင်ရွက်ရန်လည်း လိုမည်ဖြစ်ပါသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် သွားရောက်ခြင်း

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်၍ ICJ သို့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်သွားရောက်မည့် ကိစ္စအတွက် ရေးသားခဲ့သည့်အတိုင်း ဂမ်ဘီယာနိုင်ငံက ICJ သို့ ယင်းတို့ တင်ပြထားသော မူလအမှုအား အပြီးသတ်ဆုံးဖြတ်ချက်မချမီ ယာယီအရေးယူဆောင်ရွက်ချက်များ ချမှတ်ပေးရန် တောင်းဆိုချက်နှင့်စပ်လျဉ်း၍ အမှန်တကယ် အရေးယူ ဆောင်ရွက်မှုများပြုလုပ်ရန် လိုအပ်ခြင်း ရှိ၊ မရှိ ကနဦးကြားနာစစ်ဆေးမှုသို့ သွားရောက်၍ ရင်ဆိုင်ဖြေရှင်းရန်၊ တုံ့ပြန်ချေပရန် ဖြစ်ပါသည်။ ဂမ်ဘီယာနိုင်ငံက မူလစွဲဆိုထားသောအမှုအတွက် သွားရေက်ခြင်းမဟုတ်ကြောင်း လက်လှမ်းမီသမျှ လေ့လာတွေ့ရှိရပါသည်။ ။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးစီးဦးဆောင်ပြု၍ သွားသည့်ကိစ္စကို နိုင်ငံတစ်ဝန်းရှိ ပြည်သူ အများစုတို့က ထောက်ခံကြိုဆိုပွဲများ ပြုလုပ်လျက်ရှိကြောင်း၊ ပြည်ထောင်စုအရေးသည် မိမိတို့အားလုံး၏ အရေးဖြစ်၍ ပြည်ထောင်စုပုံရိပ်ကို ထိခိုက်ကျဆင်းစေမည့် ထိုးနှက်ချက်များကို ဥပဒေကြောင်းအရ ဖြေရှင်းသွားသည့် အခါတွင်တတ်နိုင်သမျှ ကူညီမည်ဖြစ်ကြောင်း အဖွဲ့အစည်းအသီးသီးက ထုတ်ဖော်ပြောဆိုကြကြောင်း ဖတ်ရှုရပါသည်။

ဖော်ပြထား

ဤကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၇-၁၁-၂၀၁၉ ရက်နေ့၌ သတင်းထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်တွင် နိုင်ငံအရေးကိစ္စ၊ နိုင်ငံအကျိုးစီးပွားကိစ္စဖြစ်၍ "အရေးကြီးပြီး သွေးစည်းကြစို့" ဆိုသည့်အတိုင်း ပြည်သူလူထုတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုသည် နိုင်ငံတော်အတွက် ကြီးမားလှသော အင်အားကို ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ယခုအမှုကို ရင်ဆိုင်ရရာတွင်လည်း နိုင်ငံတော်အစိုးရအနေဖြင့် မည်သည့်နိုင်ငံ၊ မည်သည့် လူမျိုးကိုဖြစ်စေ၊ မည်သည့်ဘာသာကိုဖြစ်စေ၊ မည်သည့် လူအစုအဖွဲ့ကိုဖြစ်စေ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ထိခိုက်နစ်နာစေခြင်း၊ တိုက်ခိုက်ခြင်း အလျဉ်းမပြုလုပ်ဘဲ ဤပကတိအရှိတရားနှင့် သန္နိဌာန်ကို ကမ္ဘာက သိရှိနားလည်စေရေးအတွက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဤကိစ္စနှင့်ပတ်သက်၍တုံ့ပြန်ရန်၊ နိုင်ငံ၏အကျိုးစီးပွား ကိုကာကွယ်ရန်အတွက် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်ဦးစီးဆောင်ရွက်မည့်အကြောင်း သတင်းစာများတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ထို့အတူ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေကလည်း နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများအား ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို နိုဝင်ဘာလ အတွင်း ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်ကြောင်း တွေ့ရှိရပါသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် စတင်မည့် ကြားဖြတ်တားဆီးအရေးယူဆောင်ရွက်ရေး အမိန့်ချမှတ်ရန် လိုအပ်ခြင်း ရှိ၊ မရှိ တရားရုံး၏ စစ်ဆေးကြားန၁မှုသို့ နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် ဦးဆောင်၍ ပြင်ဆင် ဆောင်ရွက်နေမှုအပေါ်  နိုင်ငံတစ်ဝန်းရှိ လူထုလူတန်းစား အသီးသီးက တက်ခံနေကြသည့် သတင်းများကိုလည်း ဖတ်ရှုရပါသည်။

ဥပမာအားဖြင့် "၀" အထူးဒေသ(၂) က နိုဝင်ဘာလ ၂၇ ရက်နေ့ ရက်စွဲဖြင့်လည်းကောင်း၊ မြန်မာမွတ်စလင် အမျိုးသားရေးရာအဖွဲ့ချုပ် (မ.အ.ဖ) ဌာနချုပ်က နိုဝင်ဘာလ ၂၈ ရက်နေ့ ရက်စွဲဖြင့်လည်းကောင်း၊ ICJ ကိစ္စတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်ဦးဆောင်၍ ဆောင်ရွက်မှုအပေါ် ကြိုဆိုထောက်ခံကြောင်း သဘောထားထုတ်ပြန်ချက်များကိုလည်း တွေ့ရှိရပါသည်။

ကမ္ဘာသို့ အတိအလင်းအသိပေး

ဤကိစ္စကိုရင်ဆိုင်ရာတွင် အထက်ရေးသားချက်ပါ လှုပ်ရှားမှုများသည် မြန်မာနိုင်ငံ၏ ခိုင်မာသော ရပ်တည်ချက်နှင့် သဘောထားကိုကမ္ဘာသို့ အတိအလင်းအသိပေးသည့် သဘောဖြစ်သကဲ့သို့ မြန်မာလူထုကြီး တစ်ရပ်လုံးကိုလည်း စည်းလုံးကြရန် လေးနက်စွာတိုက်တွန်းချက်ပါ ပါဝင်နေသဖြင့် နှစ်ထောင်းအားရ ကြိုဆိုသူများတွင် စာရေးသူလည်း တစ်ဦးအပါအဝင်ပင် ဖြစ်ပါသည်။ နိုင်ငံ၏ အကျိုးစီးပွား၊ နိုင်ငံ၏ဂုဏ်သိက္ခာ အတွက် မိမိတို့ ရှေ့ဆက်လုပ်ဆောင်ရမည့် ကိစ္စများအားလုံးကိုတစိုက် မတ်မတ်နှင့် အားလုံးအတူတကွ လက်တွဲ၍ အစွမ်းကုန် လုပ်ဆောင်သွားကြရန်သာ အရေးကြီးပါသည်။ မြန်မာလူထု၏ တစ်ခဲနက် ထောက်ခံအားပေးမှုအင်အားသည် အငြင်းပွားမှုအား သွားရောက်ရင်ဆိုင်ဖြေရှင်းကြမည့် ခေါင်းဆောင်များ၊ ဥပဒေပညာရှင်များ၊ အဘက်ဘက်က ဝိုင်းဝန်းပံ့ပိုးကူညီသူများအတွက် ကြီးမားသောအင်အား ဖြစ်စေမည်ဟု လေးနက်စွာ ယုံကြည်ပါသည်။

အခြားအရေးကြီးသော အချက်တစ်ရပ်ကိုတင်ပြရပါလျှင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ၏ကိုယ်စားလှယ် (Agent )အဖြစ်ခန့်အပ်ခြင်းသည် ICJ statute ဥပဒေ ပုဒ်မ ၄၂ အရ နိုင်ငံ၏ကိုယ်စားလှယ်အဖြစ် ကိုယ်စားပြုရန် ရွေးချယ်ခြင်းဖြစ်ပါသည်။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် တို့အကြား ပင်လယ်နယ်နိမိတ်သတ်မှတ်ရေး ကိစ္စကို နိုင်ငံတကာခုံရုံး၌ ဖြေရှင်းစဉ်ကလည်း အလားတူ AgentCo Agent များ ခန့်ထားခဲ့ရပါသည်။

ကိုယ်စားပြုခြင်းဆိုသော သွင်ပြင်လက္ခဏာကိုသာ ဖော်ဆောင်ရန် ရည်ရွယ်မည်ဆိုပါက အခြားအဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦးဦးကို ခန့်ထားလျှင်ပင် ဖြစ်နိုင်ပါသည်။ ထို့အပြင် ထိုပုဂ္ဂိုလ်အား ဥပဒေအရ အထောက်အကူပြုမည့် နိုင်ငံတကာမှ ကျွမ်းကျင်သော ဥပဒေပညာရှင်ရှေ့နေများကို ငှားရမ်းထားပြီးဖြစ်သကဲ့သို့ ပြည်တွင်းရှိ ဥပဒေ ပညာရှင်များကလည်း အထောက်အပံ့ပြုနိုင်ပါသည်။

ပိုမိုသောတာဝန်ယူမှုပင်ဖြစ်

ယခုကဲ့သို့ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်၍တုံ့ ပြန်ဖြေရှင်းခြင်းသည် နိုင်ငံကို ကိုယ်စားပြုခြင်း (Representation) ဆိုသည့် အနှစ်သာရထက် ပိုမိုသော တာဝန်ယူမှုပင်ဖြစ်ကြောင်း နိုင်ငံ့အရေး၊ နိုင်ငံ့အကျိုးစီးပွားနဲ့ ယှဉ်လာလျှင် ရဲရဲရင့်ရင့် ရှေ့ကထွက်၍ မားမားမတ်မတ် ရပ်တည်ကာကွယ်ခြင်း အမှုကိုပြုသော နိုင်ငံ့ခေါင်းဆောင်ပီသမှုကို ပြသခြင်းဖြစ်ကြောင်း အထင်အရှားတွေ့နိုင်မည် ဖြစ်ပါသည်။ ဤသို့ ဦးစီးဆောင်ရွက်မည့် ရည်မှန်းချက်များကို သုံးသပ်ရပါလျှင် (က) မြန်မာနိုင်ငံ၏အကျိုးစီးပွားကို ထိရောက်စွာ ကာကွယ်ရန်ဖြစ်ကြောင်း၊ (ခ) ICJ အရေးအရာကိစ္စများကို ဦးဆောင်ဖြေရှင်းရန်ဖြစ်ကြောင်း မှန်းဆနိုင်ပါသည်။ ထို့အပြင် နိုင်ငံ၏ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်သော ပုဂ္ဂိုလ်သည် ICJ ၌ မိန့်ခွန်း(Speech) သို့မဟုတ် ကြေညာချက် (Statement) ထုတ်ပြန်လိုပါက ထုတ်ပြန်နိုင်ပါသည်။ နိုင်ငံတကာ အစဉ်အလာများအရလည်း ထုတ်ပြန်လေ့ရှိကြောင်း တွေ့ရှိရပါသည်။

ဤသို့ Agent အဖြစ် ဆောင်ရွက်သူ၏ မိန့်ခွန်း သို့မဟုတ် ကြေညာချက်သည် မြန်မာနိုင်ငံ၏ မှန်ကန်သော ရပ်တည်ချက်(Position)ကို ကမ္ဘာတစ်ဝန်းသို့ အတိအလင်းပြောကြား အသိပေးခြင်းလည်းမည်ပါသည်။ ထို့အတူ မိမိတို့နိုင်ငံအပေါ် တရားစွဲဆိုရန် ကြိုးပမ်းခြင်း၊ စွပ်စွဲခြင်းကိစ္စများအပေါ် ဥပဒေအချက်အလက်၊ အကျိုးကြောင်းဆင်ခြင်မှုများဖြင့် ခိုင်မာစွာနှင့် ပြတ်သားစွာ ငြင်းပယ်ခွင့်ကိုရယူခြင်းဟု ဆိုနိုင်ပါသည်။ ဤသို့ နိုင်ငံတစ်နိုင်ငံ၏ ပြည်ထောင်စုဝန်ကြီးတစ်ဦးဦးက နိုင်ငံတကာဖိုရမ် သို့မဟုတ် တရားရုံးရှေ့မှောက်တွင် ပြောကြားသောမိန့်ခွန်း သို့မဟုတ် ထုတ်ဖော်ပြောကြားချက်သည် အလွန်အရေးကြီးပြီး အပြည်ပြည်ဆိုင်ရာ ဥပဒေ၏ မူသဘောတရားအရလည်း ဥပဒေအကျိုးသက်ရောက်မှု (Legal effect) ရှိပါသည်။

နိဂုံး

အချုပ်အားဖြင့် ရေးသားရပါလျှင် နိုင်ငံတကာ တရားရုံး၌ တောင်းဆိုခံရခြင်းသည် နိုင်ငံအတွက် အကြီးမားဆုံး စိန်ခေါ်မှု (Challenge) ဖြစ်သကဲ့သို့ဤစိန်ခေါ်မှု ကိုရဲဝံ့စွာ၊ မှန်ကန်စွာရင်ဆိုင်ခြင်းသည်လည်း မြန်မာနိုင်ငံ၏ ရပ်တည်ချက်နှင့် ပကတိဖြစ်ရပ်မှန်များကို ကမ္ဘာကသိရှိစေရန်နှင့် နိုင်ငံတကာသို့ တရားဝင် အသိပေး ပြောကြားနိုင်ရန် အခွင့်အလမ်း (opportunity)အဖြစ် ရယူခြင်းဖြစ်သည်ဟု မှတ်ယူမိပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။

ဒေါ်လှမျိုးနွယ်