တောင်ကြီး ၁၆ ဒီဇင်ဘာ

 

၂၀၁၉ ခုနှစ် ရှမ်းပြည်နယ် ဓါတ်ပုံအသင်း နှစ်ပတ်လည် ဓါတ်ပုံပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား ကို ဒီဇင်ဘာ ဒုတိယပတ်တွင် တောင်ကြီးမြို့ Classic Hall ခန်းမ၌ ကျင်းပသည်။

 

741

 

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်က ရှမ်းပြည်နယ် ဓါတ်ပုံအသင်း၏ ပရဟိတစိတ်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော တောင်ကြီး အထူးဓမ္မသဘင်တွင် (၅)ရက်တိုင်တိုင် ညစဉ် မပျက်မကွက် ဓါတ်ပုံမှတ်တမ်းများ ရိုက်ကူး ပုံဖော်ပေးခဲ့သည့်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ရှမ်းပြည်နယ် ဓါတ်ပုံအသင်းကို ကျေးဇူးတင်ရှိပါကြောင်း၊ ငြိမ်းချမ်းရေး တရားပွဲ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင်လည်း ဓါတ်ပုံမှတ်တမ်း ရိုက်ကူး ပေးခဲ့သည့်အတွက် မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း၊ အသင်းသူ၊ အသင်းသားများ၏ စည်းလုံး ညီညွတ်မှုကို ဒီထက်မကပိုပြီး ကျစ်လစ်ခိုင်မာသည့် အင်အားဖြင့် အောင်မြင်ကျော်လွှားနိုင်အောင် ဆောင်ရွက်ကြရန် ဖြစ်ကြောင်း ပြောကြားသည်။

 

963.520

 

ဆက်လက်၍ ရှမ်းပြည်နယ် ဓါတ်ပုံအသင်း ဥကဋ္ဌဦးမောင်ကြီးက အသင်း၏ လှုပ်ရှား ဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားပြီး၊ မိမိမြို့နယ်အတွင်း ဓါတ်ပုံပညာပြန့်ပွားအောင် ဆောင်ရွက် ပေးသူများနှင့် ရှမ်းပြည်နယ် ဓါတ်ပုံပညာအသင်းအား ပံ့ပိုးကူညီသူများ၊ ရှမ်းပြည်နယ် ဓါတ်ပုံ အသင်းမှ လပတ်ဓါတ်ပုံပြိုင်ပွဲတွင် ဆုရရှိသူများ၊ ရှမ်းပြည်နယ် ဓါတ်ပုံအသင်း နှစ်ပတ်လည် ဓါတ်ပုံပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား ၏ မြန်မာနိုင်ငံလုံးဆိုင်ရာ ဖိတ်ခေါ်ပြိုင်ပွဲ ဆုရရှိသူများနှင့် အကောင်းဆုံးဆု ရရှိသူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင် နှင့် တာဝန်ရှိသူများမှ ဆုချီးမြှင့် ပေးကြသည်။

 

782

 

ထို့နောက် ဓါတ်ပုံပြိုင်ပွဲတွင် ဆုရရှိသူများကိုယ်စား ၂၀၁၉ ခုနှစ် အကောင်းဆုံး ဓါတ်ပုံပညာရှင်ဆုရရှိသူ ကျော်နိုင်လင်း (လရိပ်ပြာ) နှင့် ရှမ်းပြည်နယ် ဓါတ်ပုံအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်ကြည်ဦး တို့က  ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

 

896320

 

မောင်မောင်သန်း(တောင်ကြီး)