ရေတာရှည် ၁၆ ဒီဇင်ဘာ
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့တောင်ဘက်ရှိ အနောက်မှအရှေ့သို့စီးဆင်းသည့် စမိုးချောင်းသည် မိုးရာသီ ကာလရောက်တိုင်း ရေတာရှည်မြို့ပေါ်ရပ်ကွက်များနှင့် ဘိုတော်ကုန်း၊ ကြံသနွယ်၊ ခင်တန်းကြီး၊ ပေါက်ချောင်း ကျေးရွာအုပ်စုများအတွင်းရှိ လယ်မြေများရေဝင်နစ်မြုပ်ခြင်းများဖြစ်ပေါ်လေ့ရှိ ကြောင်းသိရှိရသည်။
အဆိုပါ စမိုးချောင်း နှစ်စဉ်ရေကြီးရေလျှံမှုမှကာကွယ်နိုင်ရန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူ၍ ဒီဇင်ဘာ ၆ ရက်မှ စတင် ကာ စက်ယန္တယားများဖြင့်ဆောင်ရွက်လျက်ရှိသည်။
ချောင်းတူးဖော်ရာတွင် ပေအရှည် ၂၂၇၅၀ ၊ မျက်နှာပြင်အကျယ် ၃၄ ပေ၊ အောက်ခြေအကျယ် ပေ ၂၀ ရှိပြီး အဆိုပါ ချောင်းတူးဖော်မှုလုပ်ငန်းများပြီးစီးသွားပါက စိုက်ပျိုးလယ်မြေများရေဝင်နစ်မြုပ်ခြင်း နှင့် မြို့ပေါ်ရပ်ကွက်များကို ရေဝင်ရောက်ခြင်းမှကာကွယ်နိုင်မည်ဖြစ်ကြောင်းသိရသည်။
ကိုလွင်(ဆွာ)