၆ ဇူလိုင်
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ထိုင်းနိုင်ငံမြောက်ပိုင်း လိုဏ်ဂူထဲတွင် ပိတ်မိနေသည့် လူငယ်ဘောလုံးသမား ၁၂ ဦးနှင့် နည်းပြတို့အား ကမ္ဘာ့ဖလား နောက်ဆုံးပွဲစဉ်သို့ လာရောက်ကြည့်ရှုရန် ဖိတ်ကြားလိုက်ကြောင်း သိရသည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ Gianni Infantino သည် အဆိုပါ ဖိတ်ကြားစာကို ကြာသပတေးနေ့က ထိုင်းနိုင်ငံ ဘောလုံးအသင်းသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။
ဖိတ်ကြားစာတွင် ၎င်းတို့အတွက် များစွာ စိတ်မကောင်းဖြစ်မိကြောင်း ဖော်ပြထားပြီး နောက်ဆုံးပွဲစဉ်အမီ ဂူအတွင်းမှ ကျန်းကျန်းမာမာဖြင့် ထွက်လာနိုင်ခဲ့လျှင် ရုရှားနိုင်ငံသို့ လာရောက်အားပေးကြဖို့ ဖိတ်ခေါ်ထားကြောင်း သိရသည်။
အဆိုပါ ထိုင်းလူငယ်ဘောလုံးအဖွဲ့နှင့် နည်းပြတို့သည် ဇွန်လ ၂၃ ရက်ကတည်းက ဂူအတွင်းပိတ်မိနေခဲ့ပြီး ဇူလိုင် ၂ ရက်တွင် ကယ်ဆယ်ရေးအဖွဲ့မှ ပြန်လည် ရှာဖွေတွေ့ရှိခဲ့သော်လည်း ယခုချိန်ထိ ဂူအပြင်ဘက်သို့ ခေါ်ထုတ်နိုင်ရန် ကြိုးစားနေရဆဲဖြစ်သည်။
MDN
ကိုးကား - NHK