နေပြည်တော် ၁၀ ဇန်နဝါရီ
ဟိုပုံးမြို့နယ်၊ ပန်လျန်းကျေးရွာ၏ တောင်ဘက် ၁ မိုင်ခန့်အကွာ၌ ဇန်နဝါရီ ၉ ရက်က အမြင့်(၁)ပေခန့်ရှိ ဘိန်းစိုက်ခင်း(၁၆)ဧကအား ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းဟန် ဦးစီးပူးပေါင်းအဖွဲ့မှ လည်ကောင်း၊ ဆီဆိုင်မြို့နယ်၊ ထီတန်းကျေးရွာ၌ ဘိန်းစိုက် ခင်း(၁၄)ဧကအား လည်းကောင်း ဖျက်ဆီးခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။
MDN