လဟယ် ၁၉ မတ်

 

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်အတွင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ၂၀၁၈ ခုနှစ် မတ်လ ၁၈ ရက် နံနက် ၁၁ နာရီ အချိန် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် ဦးဆောင်၍ တိုင်းကျေးလက်ဦးစီးမှူး ဦးဝင်းကျော်မျိုး (ညွှန်ကြားရေးမှူး)၊ နာဂဒေသ ကျေးလက်ဦးစီးမှူး ဦးအောင်မြင့်သန်း (ဒုတိယညွှန်ကြားရေးမှူး)နှင့် လဟယ်မြို့နယ် ကျေးလက်ဦးစီးမှူး ဦးခေါင်းပေ့တို့ လိုက်ပါ၍ ခါလယ်ကျေးရွာတွင် ရေရရှိရေး ဆောင်ရွက်ပြီးစီးမှုနှင့် လုံခင်ကျေးရွာတွင် ရေရရှိရေးနှင့် ကျောင်းဆရာ နေအိမ် ဆောက်လုပ်နေမှုကို ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ကော်မတီဝင်များနှင့် အတူ သွားရောက်ကြည့်ရှု စစ်ဆေးပါသည်။

 

ထို့နောက် ကျေးရွာပြည်သူများနှင့် တွေ့ဆုံပြီး ကျေးလက်ပြည်သူများမှ ကျေးရွာ၏ လိုအပ်ချက်များ တင်ပြကြရာ ခါးလယ်ကျေးရွာအတွက် အိမ်တိုင်ရာရောက် ရေပေးဝေရေးစနစ်၊ လုံခင်ကျေးရွာအတွက် ရေထွက်နေရာမှ ရွာအရောက် ရေပိုက်များ ထောက်ပံ့ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

MDN