မိတ္ထီလာ ၁၀ ဇူလိုင်

 

မိတ္ထီလာခရိုင်၌ ၂၀၁၈ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ရှမ်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် မိတ္ထီလာမြို့နယ်နှင့် သာစည်မြို့နယ်များတွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်ဖြစ်ရာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကြီး အောင်မြောင်စွာ ကျင်းပနိုင်ရေး ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းပွဲကို ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပြည်သာယာ(မြောက်)ရပ်ကွက်ရှိ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

“၂၀၁၈ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ရှမ်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်နှင့် သာစည်မြို့နယ်များတွင် ကျင်းပသွားမည်ဖြစ်ရာ ကြားဖြတ်ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကြီး အောင်မြင်ချောမွေ့စွာ ပြီးစီးနိုင်ရေးအတွက် ကြားဖြတ်ရွေး ကောက်ပွဲလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန် ခရိုင်ရွေးကောက်ကော်မရှင်အဖွဲ့ခွဲဝင် (၁၆)ဦးဖြင့် ဖွဲ့စည်းထားပြီဖြစ်ပါကြောင်း၊ အဖွဲ့ဝင်များမှ ရွေးကောက်ပွဲ ကျင်းပရမည့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲများ၏ ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းများ ပြီးစီးနိုင်ရေး အတွက် မြို့နယ် ရပ်/ကျေး အဆင့်အထိကွင်းဆင်း၍ ရှမ်းတိုင်းရင်းသားလူမျိုးမဲဆန္ဒရှင်များ၏ မဲပေးခွင့်မ ဆုံးရှုံးစေရေး ကြီးကြပ်ဆောင်ရွက်ရန်နှင့် ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းများကိုလည်း ခရိုင်အဆင့်၊ မြို့နယ် အဆင့် ၎င်းနောက် ရပ်/ကျေးအဆင့်အထိ နေပြည်တော်မှာ သင်တန်တက်ရောက်ခဲ့ကြသည့် အဖွဲ့များမှ ပို့ချသွား မည်ဖြစ်ပါကြောင်း၊ ” ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဌ ဒေါက်တာသန်းထွန်းက ပြောကြားခဲ့သည်။

 

၂၀၁၈ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ရှမ်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် မိတ္ထီလာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပထမအကြိမ်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစာရင်းကို ဇူလိုင်လ ၉ ရက်နေ့က ကြေညာထားရာ ယနေ့အထိ မိတ္ထီလာမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် (၁၇၃)ဦးနှင့် သာစည်မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် (၁၇)ဦး ရှိကြောင်းသိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)