ဖောင်းပြင် ၂၉ ဒီဇင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်ရေပေးရေးဆိုင်ရာ အချက်အလက်များကို နိုဝင်ဘာ ၂၈ ရက်မှ စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။

 

69

 

အဆိုပါ ရေပေးရေးဆိုင်ရာ အချက်အလက်များကို ရရှိရန် မိုဘိုင်းစနစ်ဖြင့် RWSMIS application စနစ်အသုံးပြု ကောက်ယူနေပြီး အချက်အလက်စီမံခန့်ခွဲခြင်း (Management Information System) စနစ် ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ကောက်ယူနေခြင်းဖြစ်ကြောင်း ဒုတိယဦးစီးမှူး ဦးရဲဇော်ရှိန်းက ပြောသည်။

ထိုသို့ကောက်ယူခြင်းကို မိုဘိုင်းစနစ်ဖြင့် ကျေးရွာ ၆ ရွာကောက်ယူပြီးစီးနေပြီး မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၄၂ အုပ်စုအား ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် အပြီးသတ်ကောက်ယူသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ကိုထွန်း(ဖောင်းပြင်)