ဂန့်ဂေါ  ၂၉  ဒီဇင်ဘာ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဒီဇင်ဘာ လူထုလှုပ်ရှားအားကစားလ စတုတ္တပတ်တွင် Physical Fitness Dance အကပြိုင်ပွဲကို ယမန်နေ့ နံနက် ၇ နာရီက ခရိုင်အားကစားကွင်း၌ ကျင်းပခဲ့သည်။

 

8752

 

အဆိုပါ Physical Fitness Dance အကပြိုင်ပွဲကို အသင်း ၇ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြကာ ဆုရရှိသည့် အသင်းအား ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဦးဇော်ဝင်းကိုက ဆုချီးမြှင့်ပြီး ပြိုင်ပွဲဝင်အသင်းများအား ကျေးလက်လမ်းဦးစီးဌာနမှ ကောက်ညှင်းပေါင်းများ ဧည့်ခံကျွေးမွေးကြောင်း သိရသည်။

ထင်အောင်နိုင်(ပြန်/ဆက်)