ထီးလင်း  ၃၀  ဒီဇင်ဘာ


ဂန့်ဂေါခရိုင် ထီးလင်းမြို့၌ (၃၉)ကြိမ်မြောက် ရာဇမုနိစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို ၁၃၈၁ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက်မှ ၁၅ ရက်(လပြည့်နေ့)အထိ ပြုလုပ်ကျင်းပသွားမည်ဖြစ်ရာ ယခုအခါ ဈေးဆိုင်ခန်းနေရာများ သတ်မှတ်ချထားပေးလျက်ရှိသည်။

 

ေ

 


“ကျွန်တော်တို့အနေနဲ့ ဆိုင်ခန်းတစ်ခန်းကို တစ်ည နှစ်ထောင်ကျပ်နှုန်းနဲ့ သုံးညအတွက် ခြောက်ထောင်ကျပ် သတ်မှတ်ထားပါတယ်။ ဆိုင်ခန်းနေရာမရ မရှိရလေအောင်၊ အားလုံးအတွက် အဆင်ပြေအောင်၊ ပွဲခင်းအတွင်း စနစ်တကျဖြစ်အောင် ဆိုပြီးတော့ အခုလိုနေရာများ စီစဉ်သတ်မှတ် ဆောင်ရွက်ပေးရခြင်း ဖြစ်ပါတယ်” ဟု ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။

 

ေ

 


ထို့သို့ ဈေးဆိုင်ခန်းများ သတ်မှတ်နေရာချထားပေးရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဂေါပက လူကြီးများ၊ မြို့မိမြို့ဖများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အောင်စည်(ပြန်/ဆက်)