ပခုက္ကူ ၂ ဇန်နဝါရီ

 

ပခုက္ကူမြို့နယ်တွင် ဆောင်းသီးနှံများ၊ ဆီထွက်သီးနှံများ စိုက်ပျိုးကြရာ ဒေသတွင်း မုံလာထုပ် ပန်းမုံလာဟုခေါ်သည့် ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီများ စိုက်ပျိုးမှုအောင်မြင်ပြီး စီးပွားဖြစ် အရောင်းအဝယ် ကောင်းလျက်ရှိကြောင်း သိရသည်။

 

5

 

ပခုက္ကူမြို့မဈေးသို့ နေ့စဉ်သွားရောက်ရောင်းချလျက်ရှိပြီး မုံလာတစ်ထုပ်၊ တစ်ပွင့်ကို အများဆုံး ၈၀ဝ ကျပ်နှင့် အနည်းဆုံး ၆၀ဝ ကျပ်ဈေးဖြင့် ရောင်းချရာ တစ်နေ့အနည်းဆုံး ၂ သိန်းကျော် ရရှိကြောင်း၊ မိမိစိုက်ခင်းရှိ လမ်းဘေးတွင် ခင်းကျင်း၍ နေ့စဉ်ပန်းမုံလာတစ်ထုပ်၊ တစ်ပွင့်ကို အများဆုံး ၅၀ဝ ကျပ်နှင့် အနည်းဆုံး ၄၀ဝ ကျပ်တို့ဖြင့် ရောင်းချရာ တစ်နေ့ကို အနည်းဆုံး ၇၀ဝ၀ဝ နှင့် ၈၀ဝ၀ဝ ကျပ် ရရှိကြောင်း၊ ယခင်နှစ် အတွေ့အကြုံအရ မိမိလယ်ကွက်တွင် ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီတို့ကို တစ်ဧက စိုက်ပျိုးလျှင် ထွန်ယက်ခ၊ ရေသွင်းစရိတ်၊ မြေဩဇာ၊ ပိုးသတ်ဆေး စသည်တို့အပါအအဝင် ခန့်မှန်းကုန်ကျစရိတ် စုစုပေါင်း ၅ သိန်းကျော်ရှိကြောင်း၊ ဖြစ်ထွန်းအောင်မြင်ပါက ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ ၅၀ဝ၀ ကျော်ရရှိနိုင်သောကြောင့် တစ်ဧကအတွက် ခန့်မှန်းအမြတ်ငွေကျပ် ၆ သိန်းနီးပါးရရှိနိုင်ကြောင်း၊ ယခုနှစ်တွင် ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိုက်ဧက နှစ်ဧကရှိပြီး စိုက်ပျိုးသည့် မျိုး၊ လုပ်အားတို့နှင့် နေ့စဉ်ပြန်လည်ရောင်းချနိုင်မှုတို့အပေါ် နှိုင်းယှဉ်ပါက ယခင်နှစ်ထက် အမြတ်ပိုမိုရရှိနိုင်မည်ဟု ယူဆရကြောင်း၊ အခုလောလောဆယ်တော့ တစ်ဧကအကွက်က ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီများကို ရောင်းချနေရဆဲ ဖြစ်ကြောင်း ပခုက္ကူမြို့နယ်၊ မြင်းဝင်းကျေးရွာ မုံလာပွင့်စိုက်ပျိုးသည့် တောင်သူ ဒေါ်ဆွေဆွေမြင့်က ပြောပြသည်။

 

6

 

ပခုက္ကူမြို့နယ်အတွင်းရှိ ဆောင်းသီးနှံစိုက်ပျိုးသည့် ကျေးရွာတောင်သူများသို့ ကွင်းဆင်း၍ သီးနှံစိုက်ပျိုး နည်းစနစ်များ၊ အစားအစာ ဘေးကင်းလုံခြုံရေးအတွက် ပိုးသတ်ဆေးအန္တရာယ်များအကြောင်း အသိပညာပေး ဆွေးနွေးသည့်အပြင် ပိုးသတ်ဆေး၊ မှိုသတ်ဆေးများပက်ဖျန်းပြီး သတ်မှတ်သည့် အချိန်ကာလ ပြည့်မီသည့်အထိ စောင့်ဆိုင်းပြီးမှ ခူးဆွတ်ရောင်းချခြင်း၊ စားသုံးခြင်းများ ပြုလုပ်ကြရန် အကြံပေး ဆွေးနွေးခြင်းများ ပြုလုပ်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ဆလိုင်းကိုကီး