ရန်ကုန်   ၁၂   ဇန်နဝါရီ     

 

တောင်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်၍ ပထမအကြိမ် နှစ်ဦးအကြို စုပေါင်းစက်ဘီးစီးနင်းပွဲနှင့် စနစ်တကျ အမှိုက်စွန့်ပစ်နိုင်ရေး အသိပညာပေးလှုပ်ရှားမှုကို ယနေ့ နံနက် ၆ နာရီက တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာပန်းခြံရှေ့၌ ကျင်းပခဲ့သည်။

 

mdn

 

စက်ဘီးစီးနင်းပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်နှင့် စက်ဘီးစီးနင်းသူ ၁၀ဝ၀ ခန့်က စက်ဘီးများတွင် စနစ်တကျ အမှိုက်စွန့်ပစ်နိုင်ရေး အသိပညာပေး ဆိုင်းဘုတ်များချိတ်ဆွဲ၍ စုပေါင်း ပါဝင်ဆင်နွှဲခဲ့ပြီး ပထမဆု၊ ဒုတိယနှင့် တတိယဆု ရရှိသူများအား မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများက လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

mdn

 

အဆိုပါ စက်ဘီးစီးနင်းပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးတင့်လွင်နှင့် မြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

 

နေထက်အောင်

 

mdn