လဟယ် ၂၈ ဇူလိုင်

 

နာဂဒေသ၊ လဟယ်မြို့ ဗဟိုသာသနာပြုကျောင်းမှကြီးမှူးဖွင့်လှစ်သော ၂၀၁၈ ခုနှစ် နွေရာသီ ဗုဒ္ဓဘာသာယဉ် ကျေးမှုသင်တန်းတွင် ထူးချွန်စွာဖြေဆိုအောင်မြင်ခဲ့ကြသော ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်းအခမ်း အနားကို ဇူလိုင် ၂၇ ရက် က လဟယ်မြို့ သာသနာ့ပါလဓမ္မဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါအခမ်းအနားသို့ ဗဟိုသာသနာပြုခေါင်းဆောင် ဆရာတော် ဘဒ္ဒန္ဒသုမန၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးဇင်မင်းဌေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆုရရှိသော ကျောင်းသား/သူများ တက်ရောက်ပါသည်။ ရှေးဦးစွာ နမောတဿ (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားစတင်သည်။ ထို့နောက် လဟယ်မြို့နယ် ဗဟို သာသနာ ပြုခေါင်းဆောင် ဆရာတော် ဘဒ္ဒန္ဒသုမနအရှင်သူမြတ်ထံမှ (၅) ပါးသီလခံယူ ဆောက်တည်ပါသည်။

 

၎င်းနောက် ဗဟိုသာသနာပြုခေါင်းဆောင် ဆရာတော်ဘဒ္ဒန္ဒသုမနအရှင်သူမြတ်က သြဝါဒစကား မိန့်ကြားတော်မှုပြီး တက်ရောက်လာကြသော ဆရာတော်နှင့် ဌာနဆိုင်ရာများက ဆုရရှိကြသော ကျောင်းသား/ သူများ အား ဆုများအသီးသီးချီးမြှင့်ကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်းကြောင်း သတင်းရရှိသည်။

 

လဟယ် (ပြန်/ဆက်)