ဆော ၁၄ ဇန်နဝါရီ
စာရေးဆရာ ကိုယော(ဘောဂဗေဒ)မှ ဂန့်ဂေါခရိုင်၊ ဆောမြို့ အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်အတွက် စာအုပ်များပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၃ ရက် နံနက် ၁၀ နာရီက သီဟသူရညိုအေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုရီက အမှာစကားပြောကြားခြင်း၊ အလှူရှင် စာရေးဆရာ ကိုယော(ဘောဂဗေဒ)က စာအုပ်များ ပေးအပ်လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များ၊ စာဖတ်ခြင်းအကျိုးကျေးဇူးများ၊ ကျောင်းသား/ကျောင်းသူများအတွက် “ခွန်အားရှိစေသော အာဟာရ” စကားလက်ဆောင်များပြောကြားသည်။

ထို့နောက် စာရေးဆရာ ကိုယော(ဘောဂဗေဒ)က စာအုပ်မျိုးစုံ ၂၁၅ အုပ်နှင့်စာစောင်များ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုရီနှင့်ဆရာမ ဒေါ်အေးအေးတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။
ဇော်မျိုးသန့်(ပြန်/ဆက်)