ရန်ကုန်  ၁၇  သြဂုတ်

 

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီမှ သြဂုတ် ၁၆  ရက် နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် အဖြေရှာမှုတစ်ခု အနေဖြင့် ရွှေလင်ဗန်းစက်မှုဇုန်၊ ကနောင်ခန်းမ၊ စီမံခန့်ခွဲရေး ကော်မတီရုံးခန်း၌ သက်ဆိုင်ရာ စက်မှုဇုန် တာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည်။

 

 

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်း၊ လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးသာအောင်၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျနှင့် အဖွဲ့ဝင်များ၊လူမှုရေးနှင့် စီမံခန့်ခွဲရေး ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

MDN
Credit- ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်