စစ်ကိုင်း ၁၁ ဇန်နဝါရီ
မြန်မာ - အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲနှင့် ကုန်စည်ပြပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် မန္တလေးမြို့အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးနှင့် စစ်ကိုင်းခရိုင်စက်မှုလက်မှုနှင့် ကုန်သည်ကြီးများအသင်း၊ Indo-Myanmar အသင်း၊ မဏိပူရ စက်မှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီတို့မှ ပူးပေါင်းကျင်းပသည့် အခမ်းအနားဖွင့်ပွဲကို ဇန်နဝါရီ ၁၁ ရက် နံနက် ၈ နာရီခွဲက ကျင်းပသည်။
ရှေးဦးစွာ မြန်မာ-အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲနှင့် ကုန်စည်ပြပွဲ ဖွင့်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ အိန္ဒိယကောင်စစ်ဝန်ချုပ် Mr. Nandan Singh Bhaisora နှင့် တာဝန်ရှိသူ များက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင် က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ အိန္ဒိယကောင်စစ်ဝန်ချုပ် Mr. Nandan Singh Bhaisora က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်၍ အဖွဲ့လိုက်အမှတ်တရဓာတ်ပုံ ရိုက်ကူးသည်။
အဆိုပါစီးပွားရေးပွဲတွင် အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်မှ စီးပွားရေးကဏ္ဍအသီးသီး၌ ထင်ရှားသော စီးပွားရေးကိုယ်စားလှယ် ၃၀ ကျော် လာရောက်ဆွေးနွေးသည်။ စီးပွားရေးကဏ္ဍများတွင် စိုက်ပျိုးရေး၊ သစ်သီးဝလံ၊ စားသောက်ကုန်၊ လက်ယက်ကန်း၊ လက်မှုပစ္စည်း၊ သံနှင့်စတီး ဆက်စပ်သည့်ပစ္စည်းများ စသည်တို့ ပါဝင်သည်ဟု သိရှိရသည်။ ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ နှစ်နိုင်ငံရှိ စီးပွားရေးကုန်သည်ကြီးများကြားတွင် စီးပွားရေးကဏ္ဍများ ဆက်လက်စီးဆင်းစေရန်ဖြစ်သည်ဟု သိရှိရသည်။ အဆိုပါပြပွဲကို ဇန်နဝါရီလ ၁၁ ရက်နှင့် ၁၂ ရက်နေ့များတွင် နံနက် (၈.၃၀) မှ ည (၈.ဝ၀)ထိ ကျင်းပသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲများ၊ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်စည် အရောင်းပြခန်းများ၊ ဖက်ရှင်ရှိုးနှင့် အဆိုတော်များမှ ဖျော်ဖြေမှု အစီအစဉ်များ၊ ကံစမ်းမဲအစီအစဉ်နှင့် ဂိမ်းအစီအစဉ်များ၊ DJ Entertainment နှင့် Dancer အဖွဲ့များမှ ဧည့်ခံဖျော်ဖြေသည်ဟု သိရှိရသည်။
ခင်ခင်ဝင်း (ပညာရေး)