ရန်ကုန် ၁၁  ဇန်နဝါရီ 


 
ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးလှအေးသည် တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်စိုးခက်ခက်၊ ရုံးအဖွဲ့မှူး ဒေါ်နွဲ့နွဲ့ဦးတို့နှင့်အတူ ဇန်နဝါရီ ၁၀ ရက် ညနေက လှိုင်မြို့နယ် တရားရုံး၊ မရမ်းကုန်းမြို့နယ် တရားရုံးနှင့် တရားရုံး အချုပ်ခန်းတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့ စစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးချုပ်က သက်သေခံပစ္စည်းများ စနစ်တကျထားရှိရေး၊ အမှုပြီးပြတ်ပါက ဥပဒေနှင့်အညီ သွက်လက်မြန်ဆန်စွာ စီမံခန့်ခွဲ ဆောင်ရွက်ရေး၊ အချုပ်တရားခံမှုများ ကြန့်ကြာမှုမရှိစေရန် ဦးစားပေးစစ်ဆေးရေးနှင့် တရားရုံးလက်စွဲနှင့်အညီ ရုံးထိုင်ရေး၊ တရားရုံးများ၏ လုံခြုံရေးစီမံဆောင်ရွက်ထားရေးတို့ကို တာဝန်ရှိသူများအား မှာကြားသည်။ 

 

(သတင်းစဉ်)