သံတွဲ ၁၁ ဇန်နဝါရီ


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှကြီးမှူးဖွင့်လှစ်သည့် လျှပ်စစ် အင်ဂျင်နီယာ လုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု သင်တန်းကို ဇန်နဝါရီ ၁၁ ရက်နေ့က သံတွဲခရိုင် လျှပ်စစ် အင်ဂျင်နီယာရုံးတွင် ဖွင့်လှစ်ရာ သံတွဲခရိုင်နှင့် ကျောက်ဖြူခရိုင်မှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း သင်တန်းသား ၃၃ ဦး တက်ရောက်သည်။


ထို့နောက် အင်ဂျင်နီယာမှူးကြီး ဦးမျိုးအောင်စံက သင်တန်းဖွင့် အမှာစကားပြောကြားပြီး ဒုတိယပြည်နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ဇော်မိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။


အဆိုပါသင်တန်းတွင် ဓါတ်အားလိုင်းများတည်ဆောက်ရာ၌ ဘေးအန္တရာယ် ကင်းရှင်းစွာဆောင်ရွက်စေရန်၊ အိမ်တွင်းဝါယာလုပ်ငန်းများ ဆောင်ရွက်ရာတွင် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်အလက်များ၊ လျှပ်စစ်ဝန်ထမ်းများ ၊အများပြည်သူများ ဓါတ်လိုက်မှုမဖြစ်ပေါ်စေရန်၊ ဓါတ်အားခွဲရုံဝန်ထမ်းများ၊ လိုင်းလုပ်သားများ သိရှိလိုက်နာရမည့်အချက်များ ၊ ဓါတ်လိုက်မှုဖြစ်ပေါ်ပါက အရေးပေါ်ဆောင်ရွက်ရမည့် ရှေးဦးသူနာပြုစုနည်းများ အစရှိသည်တို့ကို အင်ဂျင်နီယာမှူးကြီး ဦးမျိုးအောင်စံ၊ ဒုတိယပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ဇော်မိုး၊အင်ဂျင်နှီယာမှူးဦးသန်းထိုက်ဦးနှင့် ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးသက်တင်ဇော်တို့က နှစ်ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။


သန့်ဇင် ( ခရိုင်ပြန်/ဆက် )