ရေနံချောင်း ၁၅ ဇန်နဝါရီ
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဇာတ်ဝင်ခန်းအချို့ ရိုက်ကူးရန်အတွက် ဒါရိုက်တာလူမင်းနှင့် အဖွဲ့သည် ယမန်နေ့က ရေနံချောင်းမြို့၌ ဗိုလ်ချုပ်အောင်ဆန်းငယ်စဉ်ကျောင်းသားဘဝမှ စတင်၍ လှုပ်ရှားသွားလာ နေထိုင်ခဲ့သောနေရာများကို ရိုက်ကွင်းရှာဖွေရေး ကွင်းဆင်းကြည့်ရှုခဲ့သည်။
ဒါရိုက်တာလူမင်းနှင့်အဖွဲ့သည် ရေနံချောင်းရေနံမြေ၊ အမက(၈)ဗိုလ်ချုပ်ကျောင်းနှင့်၊ အထက(၁) ကျောင်းတွင် ထိန်းသိမ်းထားရှိသည့် ဗိုလ်ချုပ်လက်ရေးမူနှင့် အခြားမှတ်တမ်းများကို ကြည့်ရှုလေ့လာခဲ့ပြီး ရုပ်ရှင်ရိုက်ကွင်းနေရာများ အဆင်ပြေချောမွေ့စေရန် ရေနံချောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လိုက်ပါ ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုစိုးကြီး