နေပြည်တော် ၁၁  ဇန်နဝါရီ 

 

၂၀၁၉ ခုနှစ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော် အခမ်းအနားကို ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့၌ ကျင်းပသွားမည်ဖြစ်သည်။

 

နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို ပြခန်းများ၊ ရိုးရာယဉ်ကျေးမှု မီးပုံပွဲများနှင့် မျိုးနွယ်စုအလိုက် ရိုးရာယဉ်ကျေးမှု အကများဖြင့် စည်ကားသိုက်မြိုက်စွာဖြင့် နှစ်စဉ်ကျင်းပလျက်ရှိပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့များတွင် အလှည့်ကျကျင်းပ လျက်ရှိရာ ၂၀၁၈ ခုနှစ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို နန်းယွန်းမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရသည်။    

 

မောင်မောင်မျိုး