ရခိုင်ပြည်နယ် ၁၁ ဇန်နဝါရီ

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရခိုင်ပြည်နယ်တွင်း လက်တလော ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များရှိ ကျေးရွာများနှင့် ဘုန်းတော်ကြီးကျောင်းများသို့ ရောက်ရှိနေသော တိုက်ပွဲရှောင် အိမ်ထောင်စု ၄၃၂ စုစုပေါင်းလူဦးရေ ၂,၁၀ဝ ခန့်အတွက် ထောက်ပံ့ပစ္စည်းများကို  ကူညီထောက်ပံ့ပေးလျက်ရှိသည်။

ဇန်နဝါရီ ၁၀ ရက်အထိ တိုက်ပွဲရှောင် အိမ်ထောင်စုများအတွက် မိသားစုသုံးပစ္စည်းစုံ (FamilyKits) (၄၃၂) ပုံး၊ တကိုယ်ရည်ကျန်းမာရေး သုံးပစ္စည်းစုံ (Hygiene Kits) (၃၇၇) ပုံး၊ မီးဖိုချောင်သုံးပစ္စည်းစုံ (Kitchen Sets) (၅၈) ပုံး၊ တာပေါ်လင် (၅၈) ချပ်နှင့် အခြားလိုအပ်သည်များကို ကူညီထောက်ပံ့ပေးခဲ့ပြီး ဖြစ်သည်။

ကြက်ခြေနီလှုပ်ရှားမှုအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စုများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းနှင့် အခြားလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သိရသည်။

MDN

 

mdn