ဒဂုံ ၂၀ ဇန်နဝါရီ           

 

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “ စံ  သတ်မှတ်ပြဌာန်းရေးအဖွဲ့မှကြီးမှူးကျင်းပသည့် မြန်မာ့ကျွမ်းကျင်မှု  Myanmar   Skills  Competition (2020)  ပြိုင်ပွဲကြီးကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းပေါ်ရှိ တပ်မတော်ခန်းမ၌ ဇန်နဝါရီ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

4

 

ပြိုင်ပွဲတွင်  မြန်မာနိုင်ငံ၏ အနာဂတ်ထွန်းလင်းတောက်ပစေရန် မြန်မာနိုင်ငံမှ ကျွမ်းကျင်မှု အတတ်ပညာရှင်များစွာ ပေါ်ပေါက်စေရန်တို့အတွက် မော်တော်ယာဉ်စက်ပြင် ကျွမ်းကျင်မှုပြိုင်ပွဲ၊ လေအေးပေးစက်တပ်ဆင်ပြုပြင် ကျွမ်းကျင်မှုပြိုင်ပွဲ၊ ဆံကေသာအလှပြုပြင် ကျွမ်းကျင်မှုပြပွဲနှင့်  လျှပ်စစ်သွယ်တန်းခြင်းနှင့် ပြုပြင်ခြင်း ကျွမ်းကျင်မှုပြပွဲ၊ စားသောက်ဆိုင် ဝန်ဆောင်မှု ကျွမ်းကျင်မှုပြပွဲနှင့် အချက်အပြုတ် ကျွမ်းကျင်မှုပြပွဲတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲကျင်းပမှုနှင့်အတူ ယင်းတို့၏ ဆက်စပ်ပစ္စည်းများကိုပါ ထည့်သွင်းပြသပေးမည်ဖြစ်ကြောင်း သိရသည်။

 

 ဇာဖြူဝင်း(ပြန်/ဆက်)