မိုးနဲ ၂၉ ဇန်နဝါရီ   

 

ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး(EIM) Exercise is Medicine အစီအစဉ်အရ ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေး ဌာနတို့ ပူးပေါင်းကာ ကျောင်းနေအရွယ် ကလေးငယ်များ ကျန်းမာကြံ့ခိုင်၍ ဉာဏ်ရည်ဖွံ့ဖြိုးသော လူငယ်မောင်မယ်များ ပေါ်ထွက်လာစေရေးအတွက် (Myanmar Fitness Dance ) အကများဖြင့် သရုပ်ဖော် ကပြခြင်းကို ဇန်နဝါရီ ၂၇ ရက်တွင် မိုးနဲ(အထက) ကျောင်း၌ လည်းကောင်း ၂၈ ရက်တွင် အထက(ခွဲ) နားခံကျောင်း၌ လည်းကောင်း လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

963258

 

ယင်းသို့ ဆောင်ရွက်ရာတွင် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကာမှူး ဒေါ်နန်းသန်းသန်း စိုးက ကျောင်းသား/ကျောင်းသူလေးများအား  အားကစားဆိုင်ရာ အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပြီး ကျောင်းများအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။

 

96325

 

အခြေခံပညာကျောင်းများသို့ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး (EIM)အစီအစဉ်အရ  (Physical Fitness Dance) ကိုယ်ကာယလှုပ်ရှားမှုလေ့ကျင့်ခန်းများ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

87520

 

မျိုးညွန့်ရွှေ(မိုးနဲ)