နေပြည်တော် ၂၉ ဇန်နဝါရီ

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် သြစတြေးလျသံအမတ်ကြီး Ms. Andrea Faulkner အား ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းကဏ္ဍ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာ ကာလတိုသင်တန်းများနှင့် ကာလရှည် ပညာသင်ဆုအစီအစဉ်များကို စီစဉ်ပို့ချပေးနိုင်ရေးဆိုင်ရာများ၊ သြစတြေးလျနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းကဏ္ဍတွင် လာရောက်ရင်းနှီးမြှုပ်နှံရေးဆိုင်ရာများ၊ Digital နည်းပညာဖြင့် ခရီးသွားမြှင့်တင်ရေးဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို လွယ်ကူစွာ သိရှိသွားလာ ဆောင်ရွက်နိုင်ရန်အတွက် QR Code များ ထားရှိဆောင်ရွက်နေမှု၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ပူးပေါင်းဆောင်ရွက်မှု တိုးတက်မြှင့်တင်ရေးဆိုင်ရာများ၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများပါဝင်သော ခရီးသွားလုပ်ငန်း အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နှစ်နိုင်ငံအကြား FAM Trips များ စီစဉ်ဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်