နေပြည်တော် ၂၉ ဇန်နဝါရီ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်)ကူမားအား ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နေမှု၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရာတွင် မြန်မာနိုင်ငံနှင့် ကိုက်ညီမည့် အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် စပ်လျဉ်းသည့် နမူနာကောင်းများ မျှဝေနိုင်ရေး၊ တိုင်းရင်းသား ဘာသာစကားများ သင်ကြားနေမှု၊ နှစ်နိုင်ငံ တိုင်းရင်းသားလူမျိုးစုများ၏ ယဉ်ကျေးမှုဖလှယ်ရေး၊ အပြန်အလှန် ကူးလူးဆက်သွယ်သွားလာနိုင်ရေး အခွင့်အလမ်းကောင်းများကို ဖော်ဆောင်မည့်ကိစ္စ၊ အိမ်နီးချင်းနိုင်ငံအနေဖြင့် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်