တာလေ ၈ စက်တင်ဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာလေမြို့ မိုင်းလင်း(အရှေ့) ကျေးရွာအုပ်စုတွင် ရှမ်းစာပေနှင့်ယဉ်ကျေးမှု အသင်းရုံးသစ်ကို ယနေ့ဖွင့်လှစ်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှု အသင်းရုံး၏ ရုံးခွဲတစ်ခုဖြစ်သော တာလေ-ကျိုင်းလပ်မြို့၏ ရှမ်းစာပေနှင့်ယဉ်ကျေးမှု အသင်းရုံးသစ်ကို တိုင်းရင်းသားပေါင်းစုံပျော်ရွှင်သည့် ပတ်ဝန်းကျင်ဖန်တီးရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဌာနဆိုင်ရာများနှင့် တိုင်းရင်းသားကြားတွင် ဘာသာစကား အခက်အခဲမဖြစ်ပေါ်စေရန်နှင့် ဌာနဆိုင်ရာများအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အဆင်ပြေစေရန် ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)