ရန်ကုန် ၃၁ ဇန်နဝါရီ

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် Myanmar Voyages International Tourism Co.,Ltd. ၏ အစီစဉ်ဖြင့် ဗြိတိန်နိုင်ငံအခြေစိုက် Fred. Olsen Cruise Line မှ ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောကြီး MV BOUDICCA သည် ထိုင်းနိုင်ငံ ဖူးခတ်ဆိပ်ကမ်းမှတစ်ဆင့် ယနေ့ နံနက် ၆ နာရီခွဲတွင်  Walmar Myanmar သီလဝါဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့ရာ ယဉ်ကျေးမှုအကများဖြင့် ကြိုဆိုခဲ့ကြသည်။

 

2

 

အဆိုပါ သင်္ဘောကြီးနှင့်အတူ ကမ္ဘာလှည့်ခရီးသည် (၅၃၀)ဦးနှင့် သင်္ဘောဝန်ထမ်း (၃၆၃)ဦးခန့် လိုက်ပါလာခဲ့ကြပြီး ဆိပ်ကမ်းကျန်းမာရေးတာဝန်ခံ ဆရာဝန်ကြီးနှင့် အဖွဲ့မှလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ကင်းရှင်းရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အပျော်စီးသင်္ဘော ကမ္ဘာလှည့်ခရီးသည်များသည် ရန်ကုန်၊ ပဲခူး၊ ဒလ၊ သန်လျင် ကျောက်တန်းနှင့် ပုဂံသို့ သွားရောက်လည်ပတ်ရန်ရှိပြီး ခရီးသည်များအားလုံးသည် ဖေဖော်ဝါရီ ၁ ရက် ညနေ ၆ နာရီတွင် Walmar Myanmar သီလဝါဆိပ်ကမ်းမှ သိရီလင်္ကာနိုင်ငံ၊ ကိုလမ်ဘိုဆိပ်ကမ်းသို့ ဆက်လက်ထွက်ခွာ မည်ဟုသိရပါသည်။

 

4

 

သတင်းစဉ်