ရေဦး  ၁   ဖေဖော်ဝါရီ

 

ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန ရေဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက စီစဉ်ဆောင်ရွက်သော  ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်အစီအစဉ်တွင် ရိုတာဗိုင်းရပ်(စ်) ရောဂါကာကွယ်ဆေး     မြို့နယ်လုံးကျွတ် စတင်ထည့်သွင်း တိုက်ကျွေးခြင်း ဖွင့်ပွဲအခမ်းအနားနှင့် ကျန်းမာရေးအသိပညာပေးခြင်းကို ဖေဖော်ဝါရီ ရက်နံနက် နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရွှေနဒီဦး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းသိန်း တိုင်းဒေသကြီး လွှတ်‌‌တော်ကိုယ်စားလှယ် ဦးမြင့်‌‌ထွေး၊ ဒုရဲမှူး သိန်း၀င်း၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းခိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးကျော့ တို့တက်ရောက်၍  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

 

ဆက်လက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမင်းသိန်းက ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးထည့်သွင်းခြင်း အစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊  မြို့နယ်ဆရာ၀န်ကြီး   ဒေါက်တာအောင်ကျော်နိုင်က ဝမ်းပျက်ဝမ်းလျှောရောဂါသည် တစ်နှစ်အောက်ကလေးများတွင် အဖြစ်များလျှက်ရှိရာ  ဒီဇင်ဘာ ပထမပတ်မှ  ဒုတိယပတ်အထိ မွေးဖွားသော(တစ်လခွဲပြည့်) ကလေးများကိုသာ  ရိုတာဗိုင်းရပ်(စ်) ဝမ်းပျက် ဝမ်းလျှောရောဂါ ကာကွယ်ဆေးစတင်ထည့်သွင်း တိုက်ကျွေးခြင်း ဖြစ်ကြောင်းနှင့်  ဆေးထိုးပြီးကလေးများအပေါ်  ကွယ်ယ်ဆေး၏ တုန်ပြန်နိုင်မှုအခြေအနေနှင့် ဘေးအန္တရာယ်ကင်းခြင်း၊ ဆေး၏အစွမ်းထက်မှုရှိပုံ တို့ကိုလည်း ကလေးမိခင်များအား ရှင်းပြခဲ့သည်။

 

ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေး စတင်တိုက်ကျွေးခြင်းအစီအစဉ်တွင် ရေဦးမြို့နယ်လုံးအနေဖြင့် ရပ်ကွက်ကျေးရွာများရှိ  ကျေးလက်ကျန်းမာရေးဌာန / ဌာနခွဲ၊   မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာန စုစုပေါင်း ၃၂ ဌာနတို့တွင် တစ်ပြိုင်နက်တည်း တိုက်ကျွေးလျှက်ရှိရာရိုတာ ဗိုင်းရပ်(စ်)ကာကွယ်ဆေး ထည့်သွင်းတိုက်ကျွေး ရမည့်ကလေးပေါင်း  ၇၁  ဦးရှိပြီး မြို့နယ်တာ၀န်ရှိသူများက လာရောက် ဆေးထိုးခဲ့ကြသော ကလေးနှင့်မိခင်တို့အား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးခဲ့ကြောင်း သိရသည်။

 

သန်းသန်း ( ရေဦး )