၅ ဖေဖော်ဝါရီ
ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးမြို့နယ်တွေမှာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ဆောင်ရွက်နေပါတယ်။ ဒီလိုအကောင်အထည်ဖော်နေမှုကြောင့်လည်း ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)နဲ့ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်မှာရှိတဲ့ လေးထောင့်ကန်ရွာအနီးမှာ နိုင်ငံတကာအဆင့်မီ Yangon Amata Smart and Eco City စီမံကိန်းကို အကောင်အထည်ဖော်တော့မှာ ဖြစ်ပါတယ်။
ဒီလိုဆောင်ရွက်နိုင်ဖို့အတွက် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၄ ရက်က နေပြည်တော် ( မှာရှိတဲ့ Kempinski Hotel မှာ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး 8:8:g299. Amata Asia (Myanmar) 88 တက်တို့ ဖက်စပ်လုပ်ငန်းသဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အလုပ်အကိုင် ၃၃ဝဝဝ ကျော် ရရှိနိုင်
“အခု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနဲ့ အမာတာကော်ပိုရေးရှင်းတို့ ဖက်စပ်စနစ်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် စီမံကိန်း အကောင်အထည်ဖော်နိုင်ခြင်းဟာ နှစ်နိုင်ငံ ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုဖြစ်ပြီး စီမံကိန်းပြီးစီးသွားပါက ဒေသခံများ အလုပ်အကိုင် ၃၃၀၀၀ ကျော် ရရှိနိုင်မှာဖြစ်ပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က အဲဒီလက်မှတ်ရေးထိုးတဲ့ အခမ်းအနားမှာ ပြောပါတယ်။
လေးထောင့်ကန်ရွာအနီး မြေဧက ၂၀၀၀ ခန့်ပေါ်မှာ တည်ဆောက်မယ့် နိုင်ငံတကာ 3020C8 Yangon Amata Smart and Eco City ကို အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ခန့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မှာ ဖြစ်ပါတယ်။ အဲဒီစီမံကိန်းကြောင့် ပြည်တွင်းပြည်ပက လာရောက်ရင်းနှီးမြှုပ်နှံမယ့် စီးပွားရေး လုပ်ငန်းတွေ၊ ကုမ္ပဏီတွေ အများအပြား ရှိနေပြီဖြစ်ပါတယ်။
ဒီစီမံကိန်းရဲ့ ပထမအဆင့်အဖြစ် မြေဧက ၂၀၀၀ ပေါ်မှာ ငါးနှစ်အတွင်း တည်ဆောက် ရေးလုပ်ငန်းတွေ အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ အခု ၂၀၂၀ ပြည့်နှစ် ပထမ သုံးလတာတွင် လျှပ်စစ်ဓာတ်အားပေး စက်ရုံ နဲ့ ရေသန့်စင်စက်ရုံ စတင်တည်ဆောက်မှာ ဖြစ်ပါတယ်။ ဆက်လက်ပြီး နိုင်ငံတကာ အဆင့်မီ အထပ်မြင့်အဆောက်အအုံများ၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ပန်းခြံနဲ့ ပြည်သူများအတွက် အပန်းဖြေရန်ဧရိယာများ ပါဝင် ထည့်သွင်းတည်ဆောက်သွားမှာ ဖြစ်ပါတယ်။
လူငယ်လုပ်သားများအတွက် အခွင့်အလမ်း
အခုအကောင်အထည်ဖော်မယ့် ဒီစီမံကိန်းအတွင်းမှာ စက်မှုဇုန်လည်း ပါဝင်နေတာကြောင့် လူငယ်လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ပေါ်ထွက်လာမှာတော့ အသေအချာပါပဲ။ ဒီစက်မှုဇုန်ဧရိယာအတွင်းမှာ ပြည်တွင်း ပြည်ပက စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေ အများအပြား လာရောက်ရင်းနှီးမြှုပ်နှံ ကြမှာဖြစ်ပါတယ်။ ဒီလို စီးပွားရေးလုပ်ငန်းတွေ လာရောက်လုပ်ကိုင်လာတာနဲ့အမျှ အလုပ်အကိုင်အခွင့်အလမ်းတွေ အများအပြား ထွက်ပေါ်လာမှာဖြစ်ပါတယ်။
ဒါ့အပြင် အခုလိုစီမံကိန်းတွေကြောင့် နိုင်ငံတော်က အခွန်တွေရရှိပြီး တိုင်းပြည်အတွက်လည်း ဘဏ္ဍာငွေတိုးတက်မြင့်မား လာစေမှာဖြစ်ပါတယ်။ နောက်ပြီး ရန်ကုန် မြို့ပြရဲ့ ယာဉ်ကြောကျပ်တည်းမှု၊ ကုန်တင်ယာဉ်တွေ ၂၄ နာရီလုံး ဝင်ထွက်မောင်းနှင်ခွင့်၊ ဖြတ်သန်းခွင့်မရရှိခြင်းတို့လည်း အခု အကောင်အထည်ဖော်လာမယ့် စီမံကိန်းမှာ ဒီလိုအားနည်းချက်တွေကို ဖြည့်ဆည်းပေးခြင်းဖြစ်ပါတယ်။
ထိရောက်အကျိုးရှိအောင် အသုံးပြု
ဒီလို နိုင်ငံတကာအဆင့်မီ Yangon Amata Smart and Eco City စီမံကိန်းကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အရင်းအမြစ်တွေကို မှန်ကန်ထိရောက် အကျိုးရှိစွာ အသုံးပြုနိုင်မှုပဲ ဖြစ်ပါတယ်။ ပြည်သူတွေအတွက် တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ သဘာဝအရင်းအမြစ်တွေကို လက်တွေ့နယ်ပယ်မှာ ထိရောက်အကျိုးရှိအောင် အသုံးပြုနိုင်ခြင်းဟာ နိုင်ငံအတွက်လည်း အကျိုးရှိစေမှာ ဖြစ်ပါတယ်။
“ရန်ကုန်တိုင်းဒေသကြီးနဲ့ Amata တို့ အကြား ပူးပေါင်းဆောင်ရွက်မှုများဖြင့် ရန်ကုန်မြို့ရဲ့ အရင်းအမြစ်တွေကို ပိုမိုတန်ဖိုးရှိသော အခြေအနေတစ်ခုဖြစ်အောင် ဆောင်ရွက်လိုကြောင်း၊ Amata စက်မှုဇုန် အမြန်ဆုံးပေါ်ပေါက်လာပြီး နောက်ဆုံးပေါ် နည်းပညာတွေနဲ့ အဆင့်မြင့်စီမံကိန်း ပေါ်ထွန်းလာစေရန် ဆန္ဒပြုကြောင်း” ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၂၀၁၉ ခုနှစ် ဩဂုတ် ၂၂ ရက်တွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး မင်္ဂလာခန်းမမှာပြုလုပ်တဲ့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Amata ကော်ပိုရေးရှင်းတို့အကြား မူဘောင်သဘောတူညီမှု စာချုပ်လက်မှတ်ထိုးပွဲမှာ ပြောကြားထားပါတယ်။
နိုင်ငံတကာအဆင့်မီမြို့တစ်မြို့
တကယ်တော့ နိုင်ငံတကာအဆင့်မီ မြို့တစ်မြို့ ဖြစ်ထွန်းပေါ်ပေါက်လာဖို့ဆိုတာ အလွယ်တကူတော့ မရရှိနိုင်ပါဘူး၊ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးမှု၊ သုံးသပ်မှု၊ လေ့လာမှု၊ မူဘောင်သဘောတူညီမှု၊ စီမံကိန်း အကောင်အထည်ဖော်ဖို့ စာချုပ်ချုပ်ဆိုမှုတို့အပြင် လက်တွေ့အကောင်အထည်ဖော်ရာ မှာလည်း မမျှော်လင့်တဲ့အခက်အခဲတွေရှိနိုင် ပါတယ်။ ဒါတွေကိုလည်းသက်ဆိုင်ရာ ဝန်ကြီး ဌာနနဲ့ တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကုမ္ပဏီပိုင်း ဆိုင်ရာ တာဝန်ရှိသူတွေအားလုံး ဆွေးနွေး ညှိနှိုင်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင် မထိခိုက်
“ဒီစီမံကိန်းက မြန်မာနိုင်ငံရဲ့ ရေရှည် တည်တံ့တဲ့ စမတ်အင် အီကိုစီးတီး မြို့တော် တစ်ခုဖြစ်လာမှာပါ။ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်တဲ့ လုပ်ငန်းခွင်၊ တန်းတူညီမျှတဲ့ အလုပ်အကိုင်၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွား ရေးနဲ့ အပန်းဖြေလို့ရမယ့် အခြေအနေမျိုးကို မြို့တစ်မြို့ တည်းမှာရနိုင်အောင် ဖန်တီး ဖော်ဆောင်ပေးမှာပါ” ဟု Yangon Amata Smart and Eco City လီမိတက်၏ မန်နေဂျင်း ဒါရိုက်တာ Mr.Yasuo Tsutsuiကလည်း ၂၀၁၉ ခုနှစ် ဩဂုတ် ၂၂ ရက်က လက်မှတ်ရေးထိုးပွဲမှာ ပြောပါတယ်။
ဒီလိုစနစ်တကျနဲ့ အကောင်အထည်ဖော်မယ့် စီမံကိန်းဟာ လာမယ့်ငါးနှစ်တာကာလ အတွင်းမှာ ရုပ်လုံးပေါ်လာနိုင်ရေး ကြိုးစားနေပြီ ဖြစ်ပါတယ်။ စတင်ဖော်ဆောင်တဲ့ အချိန်ကစပြီး ဒေသခံနဲ့အနီးဝန်းကျင်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါ်ထွက်လာတော့မှာ ဖြစ်ပါတယ်။ ဒေသဖွံ့ဖြိုးတိုးတက်မှုတွေကို တဖြည်းဖြည်းနဲ့ ပြောင်းလဲမြင်တွေ့ရမှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးမြို့နယ်တွေမှာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ်တွေနဲ့ ဝေဝေ ဆာဆာရှိနေပြီ ဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ အရှေ့၊ အနောက်၊ တောင်၊ မြောက် ဝဲယာတွေ မှာမြို့သစ်စီမံကိန်းတွေ၊ စက်မှုဥယျာဉ်မြို့တော် စီမံကိန်းတွေ၊ စမတ်စီးတီးတွေ၊ စက်မှုဇုန်သစ်တွေနဲ့ အစီအရီရှိနေပြီ ဖြစ်ပါတယ်။
အဲဒီစီမံကိန်းတွေ အောင်မြင်ပြီးစီးသွားချိန်မှာ ရန်ကုန်မြို့ရဲ့ မြို့ပြဧရိယာ ပိုမို ကျယ်ပြန့်လာမှာဖြစ်ပြီး ပြောင်းလဲသွားမယ့် ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်မှုဟာ နိုင်ငံတကာ မြို့ကြီးတွေလို ရှုမငြီးအောင် တွေ့မြင်ရဦးမှာ ဖြစ်ပါတယ်။ ။
ဇင်လင်းမြင့်