နေပြည်တော် ၁၂ ဇန်နဝါရီ 


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် Minoru – Keiwa Myanmar Co.ltd., မှ မန်နေဂျင်းဒါရိုက်တာ Masaaki Kitagawa တို့သည် ယမန်နေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံ၍ ခေတ်မီလယ်ယာစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။


တွေ့ဆုံစဉ် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် မြန်မာ - ဂျပန် ပူးပေါင်းဆောင်ရွက်ရေး၊ Minoru ကောက်စိုက်စက်များဖြင့် သရုပ်ပြစမ်းသပ် စိုက်ကွက်များဆောင်ရွက်ပြီး ရလဒ်များ အပေါ်အခြေခံ၍ ဆက်လက်ဆောင်ရွက်ရေး၊ လယ်ယာထွက်ကုန်များ စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်လျှောက် နည်းပညာအဆင့်မြှင့်တင်ခြင်း၊ သုတေသနနှင့် လက်တွေ့ဆောင်ရွက်မှု ရလဒ်များ ပေါ်အခြေခံ၍ တောင်သူများ လက်တွေ့တွင်ကျယ်စွာ အသုံးပြုနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးကြသည်။ 


မောင်မင်းနိုင်