ဂန့်ဂေါ ၁၃ ဇန်နဝါရီ 

 

ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ သံဂဟေဆက်သင်တန်း ဖွင့်ပွဲကို ဇန်နဝါရီ ၁၂ ရက်က လယ်မကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ရာ ဂန့်ဂေါခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်လွင်က အမှာစကားပြောကြားသည်။ 

 

222

 

“သစ်၊ ဝါး တွေကို အသုံးပြုကြတာက သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေပါတယ်၊ သံထည်ပစ္စည်းကို အသုံးပြုတာက သဘာဝပတ်ဝန်းကျင်ကို ထိ်န်းသိမ်းရာရောက်ပါတယ်၊ အသိပညာများ တိုးပွားစေရန်နှင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်များနဲ့ ဖွင့်လှစ်တာဖြစ်ပါတယ်” ဟု မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်မင်းထွန်းက ပြောသည်။ 

 

သင်တန်းသို့ လယ်မ၊ ပြစ်မ၊ မဲ ကျေးရွာများမှ သင်တန်းသား ၁၅ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ၁၀ ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

 

ကျော်သန်းဆွေ (ပြန်/ဆက်)