မြောင်းမြ ၁၃ ဇန်နဝါရီ 

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့ရှိ မြောင်းမြတံတားအသစ် သံပေါင်မင်္ဂလာ နောက်ဆုံးအစိတ်အပိုင်း တပ်ဆင်ပေးခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၃ ရက် နံနက် ၇ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

 

1

 

အဆိုပါအခမ်းအနားတွင် မြောင်းမြတံတားအသစ် သံပေါင်တင်မင်္ဂလာ နောက်ဆုံးအစိတ်အပိုင်းအား ပထမအဆင့် တပ်ဆင်ပေးရန်အတွက် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်စွမ်းအင် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီးတွင် နေရာယူကြပြီး မင်္ဂလာအချိန်တွင် မြောင်းမြတံတားအသစ် သံပေါင်နောက်ဆုံး အစိတ်အပိုင်းအား ပထမအဆင့်အနေဖြင့် ရွှေမူလီတပ်ဆင်ပေးခဲ့ကြသည်။ 

 

ဆက်လက်၍ အပြီးသတ်တပ်ဆင်ပြီးသော သံပေါင်တင် နောက်ဆုံးအစိတ်အပိုင်း ရွှေမူလီအား အန္တရာယ်ကင်း ပရိတ်ရေဖြင့် ပက်ဖျန်းပေးခြင်းနှင့် ပက်ဖျန်းနေစဉ် အောင်မြင်ခြင်း အထိမ်းအမှတ်အဖြင့် ရတုများ၊ အောင်သီချင်းများ ရွတ်ဆိုတီးမှုတ်ခဲ့ကြကြောင်း သိရသည်။

 

စန္ဒာမိုး (ပြန်/ဆက်)