စစ်ကိုင်း  ၁၃ ဇန်နဝါရီ   

 

စစ်ကိုင်းမြို့၊ မင်းလမ်းရပ်ကွက်၊ ပွဲဆိပ်ရပ်ရှိ နေအိမ်တစ်လုံး ယနေ့မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းမီးသတ်ဦးစီးဌာနမှ သိရသည်။

 

မီးလောင်မှုဖြစ်ပွားခဲ့သည့် နေအိမ်မှာ ဒေါ်စန်းခိုင်ထွန်း အသက် (၅၃)နှစ်ဆိုသူ နေအိမ်ဖြစ်ပြီး (၃) မိနစ် ရေနွေးအိုး တည်ထားရာမှ အပူလွန်ကဲ၍ ထရံသို့ ကူးစက် မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း စစ်ကိုင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

 

မီးလောင်မှုဖြစ်ပွားရာ ပွဲဆိပ်ရပ်ရှိ နေအိမ်သို့ စစ်ကိုင်းခရိုင် မီးသတ်စခန်းမှ ခရိုင်မီးသတ်ဦးစီးမှူး  ဦးကျော်ကျော်နိုင် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် ၂၈ ဦး၊ အရန်တပ်ဖွဲ့ဝင် ၃၀ ဦး၊ မီးငြှိမ်းသတ်ယာဉ် လေးစီး၊ ရေသယ်ယာဉ်တစ်စီး သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ အချိန်တွင် မီးလုံးဝ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း စစ်ကိုင်းမီးသတ်ဦးစီးဌာနမှ သိရသည်။

 

ဖြစ်စဉ်နှင့် ပတ်သက်၍  ဒေါ်စန်းခိုင်ထွန်းအား စစ်ကိုင်းမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။    

 

ကိုမင်း(အင်းတော်)

 

FB_IMG_154